ရခိုင်ပြည်နယ်ကို Stay at home အဖြစ်ကြေညာ

သြဂုတ် ၂၇ရက်

ရခိုင်ပြည်နယ်အတွင်း COVID-19‌ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများပြားလာသည့်အတွက် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ရခိုင်ပြည်နယ်တစ်ခုလုံးအား Stay at home နေအိမ်မှာပဲနေကြရန် ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၂၆ရက်နေ့တွင် ကြေညာသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမှအပ ကျန်ပြည်သူများသည် မိမိနေအိမ်တွင်သာ နေထိုင်ရန်၊ မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန် ထုန်ပြန်ချက်တွင်ပါရှိသည်။

ဆေးရုံ၊ ဆေးခန်းသွားရောက်သည့်အခါတွင် တစ်အိမ်လျှင် နှစ်ဦးသာသွားရောက်ရန်၊ နေအိမ်မှ ပြင်ပသို့သွားလာပါက နှာခေါင်းစည်း တပ်ရန်နှင့် တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာမည့်သူများအား ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းဖွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုရန် ထုတ်ပြန်ကြေညာထားသည်။

ထိုအမိန့်ကြောငြာချက်သည်    ယနေ့ သြဂုတ် ၂၇ရက် နံနက် ၈နာရီမှ စတင်မည်ဖြစ်ပြီး Stay at homeကာလကိုတော့ ထည့်သွင်းထားခြင်းမရှိပေ။ ယခင်ကရန်ကုန်နှင့်အခြားမြို့များအား Stay at home သတ်ချက်ရာမှာတော့ နောက်ထပ်အမိန့်တစ်စုံတစ်ရာမထုတ်ပြန်မချင်း ထိုအမိန့်အတည်ဖြစ်ခဲ့သည်။

ထုတ်ပြန်ထားသော ထိုအမိန့်နှင့် ညွှန်ကြားချက်များအား မလိုက်နာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနှင့် အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း Stay at home နေထိုင်ကြသည့် ပြည်သူများအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ စားနပ်ရိက္ခာထောက်ပံ့မှုများနှင့် ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များအား နိုင်ငံတော်အစိုးရက အပြည့်အဝဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ထုန်ပြန်ချက်အရသိရသည်။
ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ်ရှိပြီး စစ်တွေမြို့ကိုတော့ ၂၀ ရက်နေ့တွင်၎င်း၊ တောင်ကုတ်၊ကျောက်ဖြူ၊အမ်းနှင့်သံတွဲ မြို့များကို သြဂုတ်လ ၂၅ ရက်နေ့ တွင် Stay at home  အဖြစ် ကြောငြာခဲ့သည်။

ရခိုင်ပြည်နယ်က ဆေးရုံတွေရဲ့ လိုအပ်ချက် 

မြန်မာနိုင်ငံတွင် သြဂုတ် ၂၇ရက် နံနက်ပိုင်းအထိ အတည်ပြုလူနာ ၅၈၆ဦးရှိပြီး ရခိုင်ပြည်နယ်မှာ ပို့တွေ့လူနာ ၁၈၀ ကျော်ရှိနေပြီဖြစ်သည်။ ရောဂါပိုးကင်းစင်သူ ၃၄၅ဦးရှိကာ သေဆုံးသူ ၆ဦးရှိသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly