ယနေ့မနက်တွေ့ရှိသည့် အတည်ပြုလူနာ ၇၀ဦးတွင် ၂လသားကလေး ပါဝင်

ယနေ့မနက်တွေ့ရှိသည့် အတည်ပြုလူနာ ၇၀ဦးတွင် ၂လသားကလေး ပါဝင်

သြဂုတ် ၂၆ရက်

ကျန်းမာရေးဝန်ကြီးဌာန၏ သြဂုတ်လ ၂၆ရက် နံနက်ပိုင်း ထုတ်ပြန်ချက် အရ အတည်ပြုလူနာသစ် ၇၀ဦးတွေ့ရှိပြီး ထိုလူနာများ ထဲတွင် ၂လသားကလေးငယ်တစ်ဦးနှင့် ၎င်း၏ မိခင်တို့ ပါဝင်သည်။

ထို၂လသားကလေးငယ်မှာ မြောက်ဦးမြို့မှဖြစ်ပြီး လူနာအမှတ် (၅၁၈)ဖြစ်ကာ ၎င်း၏ မိခင်သည် လူနာအမှတ် (၅၁၇)ဖြစ်သည်။

၎င်းတို့ ၂ဦးအပါအဝင် လူနာ ၁၂ ဦးသည် မြောက်ဦးမြို့မှ NGO ဝန်ထမ်းအတည်ပြုလူနာအမှတ် (၄၄၀)နှင့် ထိတွေ့မှုရှိကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၁မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇၈ဦးရှိကာ စစ်တွေမြို့တွင် ၁၁၅ဦး၊ မြောက်ဦးမြို့တွင် ၁၁ဦး၊ ကျောက်ဖြူမြို့တွင် ၄ဦး၊ မင်းပြားမြို့တွင် ၅ဦး၊ ပုဏ္ဏားကျွန်းမြို့တွင် ၁ဦး၊ မြေပုံမြို့တွင် ၆ဦး၊ ပေါက်တောမြို့တွင် ၁၃ဦး၊ မောင်တောမြို့တွင် ၁၃ဦး၊ ကျောက်တော်မြို့တွင် ၄ဦး၊ သံတွဲမြို့တွင် ၂ဦး နှင့် ဘူးသီးတောင်မြို့တွင် ၄ဦးဖြစ်သည်။

မြန်မာနိုင်ငံတွင် သြဂုတ် ၂၆ရက် နံနက်ပိုင်းအထိ အတည်ပြုလူနာ ၅၇၄ဦးရှိပြီး ရောဂါပိုးကင်းစင်သူ ၃၄၁ဦးရှိသည့်အနက် ၃၃၉ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး အသွားအလာကန့်သတ်စောင့် ကြပ်ကြည့်ရှု လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly