ဆရာဝန်နှင့် သူနာပြု ၂၄ ဦး စစ်တွေသို့ ရောက်ရှိ

ဩဂုတ် ၂၃

ရခိုင်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မိမိဆန္ဒအလျှောက် ယာယီတာဝန် ထမ်းဆောင်ရန် ဆရာဝန်နှင့် သူနာပြုစုစုပေါင်း ၂၄ ဦးသည် ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် ယာယီတာဝန်ထမ်းဆောင်မည့် သူများမှာ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (၁) ဦး၊ ရောဂါဗေဒအထူးကုဆရာဝန်ကြီး (၁) ဦး၊ လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) (၃) ဦး၊ လက်ထောက် ဆရာဝန် (ဆေးပညာအထူးကု) (၁) ဦး၊ လက်ထောက်ဆရာဝန် (ရောဂါဗေဒ) (၁) ဦး၊ လက်ထောက်ဆရာဝန် (အဏုဇီဝဗေဒ) (၁) ဦး၊  လက်ထောက်ဆရာဝန် (၁၃) ဦး၊ သူနာပြုဆရာအုပ်ကြီး (၁) ဦး အထက်တန်းသူနာပြု (၁) ဦးနှင့် သူနာပြု (၁) ဦးတို့ ဖြစ်သည်။  

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန်ထိ ထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ အတည်ပြုလူနာ ၅၃ ဦးရှိပြီဖြစ်ကာ ယင်းအထဲတွင် မြောက်ဦးမြို့က ၃ ဦးနှင့် သံတွဲမြို့က နှစ်ဦးပါဝင်ပြီး ကျန် ၄၈ ဦးမှာ စစ်တွေမြို့က ဖြစ်သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကူးစက်ခံနေရသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲနေသည့် မျိုးဗီဇပြောင်း လဲနေသည့်  အမျိုးအစားဖြစ်နိုင်သောကြောင့် ဆေးသုတေသန ဦးစီးဌာနတွင် စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဩဂုတ်လ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly