Live: အက်စတွန်ဗီလာ ၂-၃ စပါး (Full-time)

16 February 2020
Live: အက်စတွန်ဗီလာ ၂-၃ စပါး (Full-time)
Premier League February 16, 20:30

Aston Villa
2-3 (FT)
Alderweired 9' (OG) Alderweired 27' Engels 53' Son Heung-min 45+2' 90+4'
Stadium: Villa Park
Aston Villa 2 – 3 Spurs (FT)

ဗီလာအသင်းနဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်ကတော့ ပြီးဆုံးသွားခဲ့ပြီ ခင်ဗျာ။ ဗီလာအသင်းက တစ်ချိန်လုံး ကောင်းလာခဲ့ပေမယ့် နာကျင်အချိန်ပိုမှာမှ နောက်ခံလူတွေရဲ့ အမှားကနေ စပါးကို ဂိုးပေးလိုက်ရပြီး ဆွန်ဟောင်မင် က အပါးနပ်ဆုံး အဆုံးသတ်သွားခဲ့တာပါ။

စပါးအသင်းက ကစားပုံ ပိုကောင်းပြီး အခွင့်အရေးတွေ ပိုရခဲ့ပေမယ့် ဗီလာအသင်းက ရရှိတဲ့ အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့တာကိုတော့ တွေ့ခဲ့ရတယ် ခင်ဗျာ။

အထူးသဖြင့် ဒီပွဲမှာ ဗီလာအသင်းရဲ့ ဂိုးသမား ရိန်နာ ကို ချီးကျူးရမှာဖြစ်ပြီး သူ့ကြောင့်သာမဟုတ်ရင် ဗီလာအသင်း ဒီ့ထက်ပိုပြီးတော့တောင် ဂိုးပြတ်သွားနိုင်တာပါ။

စပါးနည်းပြ မော်ရင်ဟို အတွက်တော့ စိတ်ကျေနပ်စရာ ပွဲစဉ်တစ်ပွဲဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် မျှော်လင့်ချက် ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။

ကဲ….မကြာခင် လာတော့မယ့် အာဆင်နယ်အသင်းနဲ့ နယူးကာဆယ် အသင်းတို့ရဲ့ ပွဲစဉ်ကိုလည်း Mizzima ကနေ တိုက်ရိုက် Live Commentary တင်ဆက်ပေးသွားဦးမှာမို့ ဆက်လက် စောင့်ကြည့်ပေးကြပါဦးနော်…။

Goal!!!

စပါးအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ဆွန်ဟောင်မင်က သွင်းယူပေးလိုက်ပြီ ခင်ဗျာ။

Injury Times (+3)

 

ပွဲကစားချိန် မိနစ် (၉၀) ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၃)မိနစ် သတ်မှတ်ပေးထားခဲ့ပါတယ်။

Yellow Card!!

ဗီလာအသင်းနောက်ခံလူ ဂီးလ်ဘတ် ကတော့ ဘတ်ချ်ဝင်းကို ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့လို့ အဝါကတ် အပြခံလိုက်ရတယ် ခင်ဗျာ။

89 Min

ပွဲပြီးဆုံးဖို့ မိနစ်အနည်းငယ်သာ လိုတော့တယ် ခင်ဗျာ။ နှစ်သင်းစလုံးက ဂိုးရဖို့ထက် ဂိုးမပေးရဖို့ကိုပါ အာရုံစိုက်လာခဲ့ပြီး လက်ကျန်မိနစ်တွေမှာ အမှားမလုပ်မိအောင် သတိထား ကစားနေခဲ့ကြပါတယ်။

Updates

3 years 11 months ago
3 years 11 months ago
3 years 11 months ago
3 years 11 months ago
3 years 11 months ago

Pages

Mizzima Weekly