Aston Villa
Alderweired 9' (OG) Alderweired 27' Engels 53' Son Heung-min 45+2' 90+4'
Tottenham
You are viewing the old site.
Please update your bookmark to https://bur.mizzima.com.
ဗီလာအသင်းနဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်ကတော့ ပြီးဆုံးသွားခဲ့ပြီ ခင်ဗျာ။ ဗီလာအသင်းက တစ်ချိန်လုံး ကောင်းလာခဲ့ပေမယ့် နာကျင်အချိန်ပိုမှာမှ နောက်ခံလူတွေရဲ့ အမှားကနေ စပါးကို ဂိုးပေးလိုက်ရပြီး ဆွန်ဟောင်မင် က အပါးနပ်ဆုံး အဆုံးသတ်သွားခဲ့တာပါ။
စပါးအသင်းက ကစားပုံ ပိုကောင်းပြီး အခွင့်အရေးတွေ ပိုရခဲ့ပေမယ့် ဗီလာအသင်းက ရရှိတဲ့ အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့တာကိုတော့ တွေ့ခဲ့ရတယ် ခင်ဗျာ။
အထူးသဖြင့် ဒီပွဲမှာ ဗီလာအသင်းရဲ့ ဂိုးသမား ရိန်နာ ကို ချီးကျူးရမှာဖြစ်ပြီး သူ့ကြောင့်သာမဟုတ်ရင် ဗီလာအသင်း ဒီ့ထက်ပိုပြီးတော့တောင် ဂိုးပြတ်သွားနိုင်တာပါ။
စပါးနည်းပြ မော်ရင်ဟို အတွက်တော့ စိတ်ကျေနပ်စရာ ပွဲစဉ်တစ်ပွဲဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် မျှော်လင့်ချက် ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။
ကဲ….မကြာခင် လာတော့မယ့် အာဆင်နယ်အသင်းနဲ့ နယူးကာဆယ် အသင်းတို့ရဲ့ ပွဲစဉ်ကိုလည်း Mizzima ကနေ တိုက်ရိုက် Live Commentary တင်ဆက်ပေးသွားဦးမှာမို့ ဆက်လက် စောင့်ကြည့်ပေးကြပါဦးနော်…။
www.mizzima.com
www.mizzimaburmese.com
www.mizzimaweekly.com
[email protected]
[email protected]
+95 1 295398
+95 9421010111