Live: အက်စတွန်ဗီလာ ၂-၃ စပါး (Full-time)

16 February 2020
Live: အက်စတွန်ဗီလာ ၂-၃ စပါး (Full-time)
Premier League February 16, 20:30

Aston Villa
2-3 (FT)
Alderweired 9' (OG) Alderweired 27' Engels 53' Son Heung-min 45+2' 90+4'
Stadium: Villa Park
87 Min

စပါးအသင်းက ကွင်းလယ်လူ အယ်လီရဲ့နေရာမှာ ဂတ်ဆွန်ဖာနန်ဒက်စ်ကို ထည့်ပြီး ကစားခိုင်းလိုက်ပြီ ခင်ဗျာ။

85 Min

ထရီဇီဂက်ရဲ့ ထိုးဖောက်မှုက ဂိုးရလုနီးပါး ဖြစ်ခဲ့ပေမယ့် စပါးနောက်ခံလူ အော်ရဲရား တစ်ယောက် အချိန်မှီကာကွယ်လိုက်နိုင်ခဲ့ပါတယ်။ လျှင်မြန်ပြီး အားရှိတဲ့ အော််ရဲရားဟာ ဗီလာတိုက်စစ်ကို ကြိုးစားပြီး ကာကွယ်နေခဲ့တယ် ခင်ဗျာ။

83 Min

ဂီးလ်ဘတ်ရဲ့ ညာခြမ်းက ဖြတ်တင်ဘောကို ဗီလာတိုက်စစ်ကစားသမားတွေ အဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဂိုးသမား လိုရစ်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။ လူစားဝင်လာခဲ့တဲ့ ထရီဇီဂက် ကတော့ အဝေးကန်ချက်တွေနဲ့ စပါး ခံစစ်ကို ဖိအားပေးနေတယ် ခင်ဗျာ။

81 Min

ဗီလာနဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်ကတော့ နောက်ဆုံး (၁၀)မိနစ်ထဲကို ရောက်လာခဲ့ပြီ ခင်ဗျာ။ နှစ်သင်းစလုံးက အနိုင်ရဖို့အတွက် အခွင့်အရေးဆတူ ရှိနေကြဆဲဖြစ်ပြီး စပါးအသင်းက ပွဲပြီးခါနီးအချိန်နားမှာ ပိုကောင်းအောင် ကစားလာနိုင်တာကိုတော့ တွေ့နေရပါတယ်။

79 Min

စပါးအသင်းရဲ့ တန်ပြန်တိုက်စစ်ကနေ အယ်လီ တစ်ယောက် အပိုင်အခွင့်အရေးရပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်း ကန်ခွင့်ရခဲ့ပေမယ့် သူ့ရဲ့ကန်ချက်ကို ရိန်နာက ကာကွယ်သွားနိုင်ခဲ့တယ် ခင်ဗျာ။ ဗီလာအတွက်တော့ ရိန်နာ ကို ရသွားတာဟာ တော်တော်လေး အထောက်အကူဖြစ်သွားတယ်လို့တောင် ပြောနိုင်ပါတယ်။

Updates

4 years 1 month ago
4 years 1 month ago
4 years 1 month ago
4 years 1 month ago
4 years 1 month ago

Pages

Mizzima Weekly