အိန္ဒိယဝန်ကြီးချုပ်မိုဒီက ရွေးကောက်ပွဲ အောင်မြင်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုစကားပြော

အိန္ဒိယဝန်ကြီးချုပ်မိုဒီက ရွေးကောက်ပွဲ အောင်မြင်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုစကားပြော

မြန်မာရွေးကောက်ပွဲတွင် အောင်မြင်စွာ တက်လှမ်းနိုင်တော့မည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ဂုဏ်ပြုချီးကျုးစကားပြောခဲ့ကြောင်း အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးချုပ်က ဖုန်းကနေတစ်ဆင့် ချီးကျုးစကားဆိုခဲ့ပြီး အိန္ဒိယနိုင်ငံသို့လည်း လာရောက်ရန် ဖိတ်ခေါ်ခဲ့ပါတယ်။"ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗီကာဆွာရတ်က တွစ်တာတွင် ရေးသားဖော်ပြသည်။

"အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ တိုးတက်မှုဖြစ်စဉ်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အကူအညီများပေးသွားရန် အသင့်ရှိနေကြောင်း" ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ၎င်း၏ တွစ်တာတွင် ဆက်လက်ဖော်ပြသည်။

ဝန်ကြီးချုပ်မိုဒီက ဗြိတိန်နိုင်ငံသို့ သုံးရက်တာ သွားရာလမ်းကြောင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly