ကယားပြည်နယ်တွင် အမတ်နေရာ ၃၄နေရာတွင် NLDက ၂၅နေရာအနိုင်ရ

ကယားပြည်နယ်တွင် အမတ်နေရာ ၃၄နေရာတွင် NLDက ၂၅နေရာအနိုင်ရ

ဒီမော့ဆို၊ နိုဝင်ဘာ ၁၂ ။ ။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် အနိုင်ရ ရလာဒ်တွင် ကယား (ကရင်နီ)ပြည်နယ်၌ လွှတ်တော်နေရာ ၃၄နေရာ ရှိသည့်အနက် ၂၅ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အနိုင်ရနေပြီး ကျန် ၆နေရာကို ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ၅နေရာ နှင့် တစ်သီးပုဂ္ဂလအမတ်တစ်ဦး အနိုင်ရရှိသွားသည်။

ကယားတစ်ပြည်နယ်လုံး အမျိုးသားလွှတ်တော် ၁၂ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၉ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၂ နေရာ၊ တသီးပုဂ္ဂလက ၁ နေရာ အနိုင်ရရှိသည်။

ပြည်ထောင်စုကြံ့ခိုင်ရေး ရရှိထားသော အမျိုးသားလွှတ်တော်တွင် ၂ နေရာသည် တပ်မတော်သား အများဆုံး ကြိုတင်မဲ ပေးရမည့်နေရာဖြစ်သည်။ တစ်သီးပုဂ္ဂလ အမတ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကလည်း ဘောလခဲမြို့နယ်တွင် အမျိုးသားလွှတ်တော် နေရာအတွက် အနိုင်ရရှိခဲ့သည်။

ကယားပြည်နယ် ပြည်သူ့လွှတ်တော် ၇ နေရာရှိရာတွင် ၆ နေရာကို NLDက အနိုင်ရရှိထားပြီး ၁ နေရာက USDP က ဘော်လခဲမြို့နယ်တွင် အနိုင်ရရှိထားပါသည်။

ကယား ပြည်နယ်လွှတ်တော်နေရာအတွက်မူ  NLD က ၁၁ နေရာ၊ USDP က ဘော်လခဲမြို့နယ်တွင် ၂ နေရာနှင့် ဖားဆောင်းမြို့နယ်တွင် ၁ နေရာ ရရှိထားကြသည်။

ကယားပြည်နယ်အတွက် ရလာဒ်အားလုံးကို ပြည်နယ်ကော်မရှင်က တရားဝင် မထုတ်ပြန်ရသေးသော်လည်း ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်နေရာတွင် ရမှတ်များအားလုံး သိရှိထားချက်အရ USDPမှ ရရှိထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly