သမ္မတဦးသိန်းစိန်မဲပေးမည့် မဲရုံတွင် ဖုန်းလိုင်းဖြတ်တောက်သည့်စက်များ ထားရှိ

သမ္မတဦးသိန်းစိန်မဲပေးမည့် မဲရုံတွင် ဖုန်းလိုင်းဖြတ်တောက်သည့်စက်များ ထားရှိ

နေပြည်တော်၊ နိုဝင်ဘာ ၇ ။              ။ သမ္မတဦးသိန်းစိန် မဲပေးမည့် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ မဲရုံအမှတ်(၁)တွင် ဖုန်းလိုင်းဖြတ်တောက်သည့်စက် အနည်းဆုံး(၃)ခု ထားရှိသွားမည် ဖြစ်သည်။

“ဒါက ဖုန်းဖြတ်တဲ့ စက်တွေပါ” ဟု အဆိုပါ မဲရုံမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

သမ္မတဦးသိန်းစိန်နှင့် သူ၏ ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဝင်းသည့် နိုဝင်ဘာ ၈ရက်၊ နံနက်ပိုင်းတွင် လာရောက်မဲပေးမည်ဟု ယျေဘုယျအားဖြင့် စုံစမ်းသိရှိရပြီး ဖုန်းလိုင်းဖြတ်တောက်စက် တပ်ဆင်ထားသည့် အဆိုပါ မဲရုံပရဝုဏ်အတွင်း ဖုန်းလိုင်းများ ပြတ်တောက်နေမည့်သဘော ဖြစ်သည်။

သမ္မတဦးသိန်းစိန် မဲပေးမည့် ဇေယျသိဒ္ဓိရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံအမှတ်(၁)တွင် မဲပေးမည့် လူဦးရေမှာ ကျား (၁၄၁၆ဦး)နှင့် မ(၆၈၈ဦး) စုစုပေါင်း ၂၁၀၄ဦး ရှိသည်။

အဆိုပါ မဲရုံပရဝုဏ်အတွင်း၊ အပြင်ဘက်များတွင် လုံခြုံရေးရဲများက ချထားသလို မဲရုံရှိရာ စာသင်ကျောင်းအဝင်လမ်းကိုလည်း စည်ပင်ဝန်ထမ်းများက တံမြက်စည်းလှည်းကာ သန့်ရှင်းရေးလုပ်နေကြသည်ကို နိုဝင်ဘာ ၇ရက်၊ နံနက်ပိုင်းက တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly