ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေတို့ NLD အောင်နိုင်ရေး မဲဆွယ်ဖျော်ဖြေ

ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေတို့ NLD အောင်နိုင်ရေး မဲဆွယ်ဖျော်ဖြေ

မြန်အောင်၊ နိုဝင်ဘာ ၁ ။ ။ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့၊ မဲဇလီကုန်းကျေးရွာတွင် နိုဝင်ဘာ ၁ရက်က ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေ အပါအဝင် နာမည်ကြီး အဆိုတော်များက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အောင်နိုင်ရေးအတွက် လာရောက်ဖျော်ဖြေခဲ့သည်။

"အစိုးရတာဝန်တွေမှာ လမ်းခင်းပေးတာ၊ မီးရအောင်လုပ်ပေးတာ ကျန်းမာရေးပညာရေးတွေပါတယ်၊ လုပ်ပေးတဲ့အတွက် ကျေးဇူးတင်စရာမလိုဘူး၊ မလုပ်ပေးရင်တော့ အပြစ်တင်တတ်ရမယ်" ဟု နိုဝင်ဘာလ၁ရက်က အင်္ဂပူမြို့၊မဲဇလီကုန်းကျေးရွာ ဘောဘုံးကွင်း ဖျော်ဖြေပွဲတွင် အနုပညာရှင် ထွန်းအိန္ဒြာဗိုလ်က ပရိတ်သတ်များအား ပြောသည်။

ဆက်လက်ပြီး ၎င်းက ရွေးကောက်ပွဲတွင် ပါတီပေါင်း၉၀ကျော် ဝင်ပြိုင်သော်လည်း အပြတ်အသတ် အနိုင်ရသည့် ပါတီတစ်ခုသာ အစိုးရ ဖွဲ့နိုင်သည့် အကြောင်းကိုလည်း ပရိတ်သတ်များကို ရှင်းပြခဲ့သည်။ 

"အစိုးရဖွဲ့နိုင်တာ နှစ်ခုပဲရှိတယ်။ ကြံခိုင်ရေးနဲ့ ကျွန်မတို့NLDပဲဖြစ်တယ်။ ကြံ့ခိုင်ရေးက နာမည် အမျိုးမျိုးနဲ့ နှစ်ပေါင်း၅၀ အုပ်ချုပ်ခဲ့ပြီးပြီ။ ပြည်သူများလည်း အတွေ့အကြုံအမျိုးမျိုးရခဲ့ပြီးပြီ။ ချမ်းသာခဲ့လား၊ ဒါဆိုရင် အစိုးရနောက်တစ်ဖွဲ့ကို ပြောင်းခိုင်းရအောင်"ဟု မဲဆွယ်စည်းရုံးခဲ့သည်။

"ပြည်သူ့ပါတီNLD သောင်းပြိုကမ်းပြို နိုင်ရမည်၊ စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်၊ ကြိုက်တယ်သူတွေ ကြိုက်သလိုလုပ်ပါစေ၊ကျွန်မတို့တွေ စိတ်ရှည်ရမယ်၊ သည်းခံရမယ်"ဟုလည်း ဖျော်ဖြေပွဲတွင် ပါတီဝင်များ ပြည်သူများဖျော်ဖြေပွဲတွင် သရုပ်ဆောင်ချစ်သုဝေက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအတွက် အနုပညာရှင်များသည် နိုဝင်ဘာလ ၁ရက်တွင် ဧရာဝတီတိုင်း၊ မြန်အောင်တွင်လည်း ဆက်လက် ဖျော်ဖြေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags