မျိုးစောင့်ဥပဒေစာအုပ်ဝေကာ NLD ကိုမဲမထည့်ရန် စည်းရုံးသူများကို ပုသိမ် ဒေသခံတစ်ဦးက တရားစွဲမည်

မျိုးစောင့်ဥပဒေစာအုပ်ဝေကာ NLD ကိုမဲမထည့်ရန် စည်းရုံးသူများကို ပုသိမ် ဒေသခံတစ်ဦးက တရားစွဲမည်

ပုသိမ်၊ အောက်တိုဘာ ၃၀ ။ ။ ပုသိမ်မြို့၊ ရာမည ရပ်ကွက်တွင် အမျိုးစောင့်ဥပဒေ စာအုပ်များနှင့်အတူ NLDပါတီကို မဲမပေးရန်နှင့် ပုတ်ခတ်ပြောဆိုမှုကို ရာမညနေ ပြည်သူဦးအောင်သန်းက တရားစွဲဆိုသွားမည်ဟု သိရသည်။

"ပြည်သူတွေက မကျေနပ်ဘူး။ သူတို့တရားစွဲဖို့လုပ်နေပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားထားတဲ့ စာအုပ်တွေဝေလို၊ပါတီက ကော်မရှင်တိုင်ကြားထားတယ်၊ပြည်သူတွေ မကျေနပ်လို့ သူတို့တရားစွဲဆိုဖို့လုပ်နေတာ" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ်ခရိုင် အောင်နိုင်ရေးအဖွဲ့ဝင် ဦးညီညီအောင်က မဇ္ဈိမကိုပြောသည်။

ပုသိမ်မြို့၊ ရာမည ရပ်ကွက်တွင် အောက်တိုဘာလ၂၅ရက်က လူအင်းအား ၁၀၀ ကျော်ဖြင့် NLDပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပုခတ်သည့် စာများ၊ မျိုးစောင့်ဥပဒေ စာအုပ်များ ဝေငှခဲ့ပြီး NLD ကို မဲမထည့်ရန် စည်းရုံးမှုတစ်ခုကို ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

"ဒေါ်စု မဲမပေးနဲ့ မဲပေးလိုက်ရင် ကျွန်တော်တို့နိုင်ငံဟာ ကုလားတွေ လက်ထဲရောက်မှာ ကျိန်းသေးတယ်။ အဲ့ဒီ့လိုပြောတယ်။ ရိုင်းပျတဲ့ပုတ်ခတ်မှုတွေက အစပါတယ်၊ ဒါဟာ မဖြစ်သင့်တဲ့အလုပ်၊ သူတို့ပြောတာတွေ သာသနာအပေါ် ညှိုနွမ်းမယ့်အပြောအဆိုတွေဟာ ရိုင်းပျလို့ စိတ်ထဲမှာ ခံပြင်းလွန်လို့ "ဟု တရားစွဲရရန် စီစဉ်နေသည့် ရာမညရပ်ကွက်တွင် နေထိုင်သည့် ဦးအောင်သန်းက ပြောသည်။

ယင်းဖြစ်ရပ်ကို တိုင်ကြားရန် အောက်တိုဘာ ၂၅ရက် ညပိုင်းက ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းတွင် အမှုဖွင့်ရန် စီစဉ်သော်လည်း NLD ပါတီက မလိုလားအပ်သည့် ပြဿနာများ ဖြစ်မည်စိုးသဖြင့် အမှုမဖွင့်ရန် နှင့် ကော်မရှင်ကို တိုင်ကြားမည်ဖြစ်ကြောင်း ပြောသဖြင့် အမှုမဖွင့်ဖြစ်ခဲ့ပေ။ သို့သော် တိုက်ရိုက်တရားစွဲဆိုရန် ဆက်လက် ဆောင်ရွက်မည်ဟု ဆိုသည်။ 

ထိုကိစ္စအား ပုသိမ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုသိမ်မြို့ လုံခြုံရေးနှင့် ရွေးကောက်ပွဲ စီမံခန့်ခွဲမှုကော်မတီထံ အောက်တိုဘာ ၂၆ တိုင်ကြားထားသည်ဟု သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ မြောင်းမြ၊ ရေကြည်၊ ညောင်တုန်း စသည့်မြို့များတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ပုတ်ခတ်သည့် စာများ ဝေငှမှုများ ရှိခဲ့ပြီး၊ မြောင်းမြမြို့တွင် စာဝေသူအား တရားစွဲထားသည်။

ပုသိမ်မြို့၊ ရာမည ရပ်ကွက်တွင် အမျိုးစောင့်ဥပဒေ စာအုပ်များနှင့်အတူ NLDပါတီကို မဲမပေးရန်နှင့် ပုတ်ခတ်ပြောဆိုမှုကို ရာမညနေ ပြည်သူဦးအောင်သန်းက တရားစွဲဆိုသွားမည်ဟု သိရသည်။ (ရိုက်ကူး- စည်သူမောင်မောင်)

Posted by Mizzima - News in Burmese on Friday, 30 October 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags