အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင်ကို မင်းလားကွ NLD ဟု မေးကာ ရိုက်နှက်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင်ကို မင်းလားကွ NLD ဟု မေးကာ ရိုက်နှက်

ဧရာဝတီတိုင်း မအူပင်မြို့နယ် ရေလဲကလေးကျေးရွာ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါက်တာ သန်းကြွယ်လတ်ကို ကျေးရွာနေသူတစ်ဦးက မင်း NLD လားဟုမေးကာ ရိုက်နှက်မှုကြောင့် ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားသည်ဟု ကာယကံရှင်က မဇ္ဈိမကိုပြောသည်။

“ကျနော့်ကို ဝါးလုံးနဲ့ ဝင်ရိုက်တာ ဦးစိန်လှိုင်ပေါ့ သူကအုပ်ချုပ်ရေးမှူးဟောင်းပါ သူကျနော့်ကို ဘာ့ကြောင့် လုပ်လဲတော့ မသိဘူး။ သူက ကျနော့်ကို ခေါင်ကို ချုပ်လိုက်ရင် အကုန်ပြီးတယ် ဆိုပြီးတော့ ပတ်ဝန်းကျင်ကကော သူ့မိသားစု အသိုင်းအဝိုင်းကကော ကျနော့်ကို သတိပေးတာတွေ ရှိတယ်။ ဒါပေမယ့် ကျနော် မလုပ်လေဘူးဆိုပြီးတော့ မျှော်လင့်ထားတာပေါ့” ဟုပြောသည်။

“ကျနော်က ဆိုင်ကယ်ပေါ်မှာ ဆိုင်ကယ်မောင်းပြီး ထွက်ရုံပဲ ရှိသေးတယ်။ သူက ဝါးလုံးပိုင်းနဲ့ ပြေးဝင်ပြီး ရိုက်လိုက်တာ။ မင်းလားက NLD ဆိုပြီးတော့ တစ်ချက်တော့ ပြောတယ်” ဟုလည်း ပြောသည်။

အောက်တိုဘာ ၂၁ ရက်ညနေပိုင်းတွင် ရိုက်နှက ်ခံရခြင်းဖြစ်ပြီး မအူပင်မြို့နယ်၊ ရွှေတောင်မှော် နယ်မြေရဲစခန်းမှ ပ ၄၅၊ပုဒ် ၃၂၅အရ  အောက်တိုဘာလ ၂၂  ရက်တွင် အမှုဖွင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly