ပုသိမ်တွင် ကြံ့ခိုင်ရေးပါတီ တွဲဖက်ဥက္ကဋ္ဌ ဦးဌေးဦး ဟောပြောစဉ် ပါတီဝင်အချို့ ထပြန်

ပုသိမ်တွင် ကြံ့ခိုင်ရေးပါတီ တွဲဖက်ဥက္ကဋ္ဌ ဦးဌေးဦး ဟောပြောစဉ် ပါတီဝင်အချို့ ထပြန်

ပုသိမ်၊ အောက်တိုဘာ ၁၈ ။ ။ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ပြည်ထောင်စုဖွံဖြိုးရေးနှင့် ကြံခိုင်ရေးပါတီမှ စက်တင်ဘာ ၁၈ ရက် လူထုတွေ့ဆုံပွဲတွင် ပါတီပူးတွဲဥက္ကဋ္ဌဦးဌေးဦး ပြောကြားနေစဉ် တက်ရောက်လာသည့် ပြည်ခိုင်ဖြိုးပါတီဝင်များ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြောင်း သိရှိရသည်။

လူထုတွေ့ဆုံပွဲတွင် ဦးဌေးဦးက "ပါတီဟာပါတီအကျိုးအတွက် ဖွဲ့စည်းထားတာမဟုတ်ဘဲ ပြည်သူအကျိုးအတွက် ဖွဲ့စည်းထားတာလို့ ခံယူထားတဲ့ပါတီဖြစ်ပါတယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ ဆုံးဖြတ်ချက်မယူဘဲ စုပေါင်းခေါင်းဆောင်မှု စုပေါင်းဆောင်ရွက်မှုများနဲ့ ပြည်သူအကျိုးသယ်ပိုးတဲ့ပါတီဖြစ်ပါတယ်"ဟု တက်ရောက်သူများအား ပြောကြားခဲ့သည်။

ဦးဌေးဦးက ထိုသို့ ပြောကြားနေချိန်တွင် ပါတီဝင်များ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသဖြင့် ကွင်းတံခါးအား ခေတ္တပိတ်ထားခဲ့ရသည်။

လူထုတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် မြောင်းမြမြို့ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဝင်းကိုတို့လည်း ဟောပြောခဲ့သည်။

ယင်းလူထုတွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၆မြို့နယ်မှ ပါတီဝင်များနှင့် ကိုယ်စားလှယ် တစ်သောင်းကျော် တက်ရောက်ခြင်းဖြစ်သည်။

အောက်တိုဘာ ၁၈ရက်တွင်ပင် ဧရာဝတီတိုင်း ငသိုင်းချောင်း၊ ရေကြည်နှင့် ကျုံပြောမြို့များတွင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးဟောပြောခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly