ပါတီရာထူးမှ ဖြုတ်ချခံရသူ ဦးမောင်မောင်သိမ်း ကိုယ်တိုင် မဲဆွယ်စည်းရုံးမှု မလုပ်နိုင်သေး

ပါတီရာထူးမှ ဖြုတ်ချခံရသူ ဦးမောင်မောင်သိမ်း ကိုယ်တိုင် မဲဆွယ်စည်းရုံးမှု မလုပ်နိုင်သေး

ရန်ကုန် စက်တင်ဘာ ၁၄။            ။ ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌ ဦးရွှေမန်းနှင့်အတူ အထွေထွေ အတွင်းရေးမှူး ရာထူးမှ ဖြုတ်ချခံရသူ ဦးမောင်မောင်သိမ်းသည် ယင်းယှဉ်ပြိုင်မည့် မဲဆန္ဒနယ်အတွင်း စက်တင်ဘာ ၁၄ရက်ထိ မဲဆွယ်စည်းရုံးရေး မဆင်းသေးကြောင်း ရန်ကုန်တိုင်း လွှတ်တော် မဲဆန္ဒနယ်အမှတ် ၂အတွက် ပြည်ခိုင်ဖြိုး ပါတီမှဝင်ရောက်သူ ဦးမြင့်ဦးက စက်တင်ဘာ ၁၄ ရက်တွင် ပြောသည်။

“ဦးမောင်မောင်သိမ်း ကတော့ မြန်မာနိုင်ငံ အထက်ပိုင်း ရောက်နေတယ်။ ကိုယ်တိုင်လာပြီး မလုပ်နိုင်သေးဘူး။ ကျွန်တော်တို့ လက်ကမ်း စာစောင်ဝေတယ်၊ ပြည်သူတွေနဲ့ တွေ့တယ် ဒီလောက်ပါပဲ။ အမြဲတမ်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်နေတာပဲ။ အမြဲ ထိတွေ့မှုတွေ ရှိတယ်” ဟု ဆိုသည်။

ဦးမောင်မောင်သိမ်းသည် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ပြည်သူ့လွှတ်တော် အမတ်လောင်း အဖြစ် ခရမ်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အငြိမ်းစား ဗိုလ်ချုပ်နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန 
ဝန်ကြီးဟောင်း တစ်ဦးလည်းဖြစ်သည်။

ရန်ကုန်တိုင်း လွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ အတွက် ပြည်ခိုင်ဖြိုးပါတီမှဝင်ရောက်သူ ဦးမြင့်ဦးက ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်မည့်သူများအတွက် ပြည်သူများနှင့် တွေ့ဆုံခြင်း လက်ကမ်းစာစောင်များ
ဝေခြင်းစသည့် မဲဆွယ်စည်းရုံးမှုများ လုပ်နေသည်ဟု ဆိုသည်။

ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာကို ဦးမောင်မောင်သိမ်း(ပြည်ခိုင်ဖြိုး)၊ ဒေါက်တာအေးမင်း (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးရဲသီဟ(လူ့ဘောင်သစ်ပါတီ)၊ ဦးအောင်ဝင်းထွဋ် (တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ)၊ ဦးကျော်ကျော်ဦး (မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ) တို့ကဝင်ရောက် ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။

"”ကျွန်တော် ၁၀ရက်နေ့ကတော့ ခရမ်းကို လာတာတွေ့တယ်။ ကျွန်တော်တို့လည်း မဲဆွယ်တာ လုပ်ပါတယ်။ သူတို့ လုပ်နေလားတော့ သေချာမသိပါဘူး” ဟု လူ့ဘောင်သစ်ပါတီ ကိုယ်စားပြုဝင် ရောက်ယှဉ်ပြိုင်မည့် ဦးရဲသီဟက မဇ္ဈိမကိုပြောသည်။

ပြည်ခိုင်ဖြိုးပါတီမှ သြဂုတ် ၁၂ရက်ညပိုင်းမှ စတင်ကာ ဦးမောင်မောင်သိမ်းနှင့်အတူ ပါတီရာထူးများမှ ဖြုတ်ချခံရသည့် ဦးရွှေမန်းကမူ မဲဆွယ်စည်းရုံးမှုကာလ အစကပင် မဲဆွယ်မှုများကိုပြုလုပ်နေသည်။

ပါတီခေါင်းဆောင် တစ်ဦးဖြစ်ခဲ့သူ ဦးအောင်သိန်းလင်းသည်လည်း တောင်ဥက္ကလာ မြို့နယ်အတွင်း မဲဆွယ်စည်းရုံးမှုကို စက်တင်ဘာ ၁၉ရက်နှင့် ၂၀ရက်တို့တွင် ပြုလုပ်ရန်ပြင်ဆင်နေသည်။ ယင်း ကိုယ်ဆောင်သည့်ဖုန်းကမူ ပါတီရာထူးမှ ဖြုတ်ချပြီး နောက်တစ်နေ့မ နက် သြဂုတ် ၁၃နံနက်ပိုင်း (၁၁နာရီ) ခန့်ကပင် ဆက်သွယ်မှုမရရိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly