NLD အမတ်လောင်းများအား မီဒီယာများနှင့် ဖြေကြားမှု သုံးပတ်ခန့်ရပ်နားထားရန် ဗဟိုညွန်ကြားထား

NLD အမတ်လောင်းများအား မီဒီယာများနှင့် ဖြေကြားမှု သုံးပတ်ခန့်ရပ်နားထားရန် ဗဟိုညွန်ကြားထား

ရန်ကုန် စက်တင်ဘာ ၁၁ ။             ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အမတ်လောင်းများအနေဖြင့် မီဒီယာများနှင့် တွေ့ဆုံဖြေကြားမှုများကို သုံးပတ်ခန့် ရပ်နားထားရန် ပါတီဗဟိုက သက်ဆိုင်ရာ မြို့နယ်များမှတဆင့် ညွှန်ကြားထားကြောင်း ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းထိန်က စက်တင်ဘာ ၁၁ ရက်တွင် မဇ္ဈိမကို အတည်ပြုသည်။

"ကျွန်တော်တို့အကြောင်းလေးတွေရှိလို့ပါ။ ဘာအကြောင်းကြောင့်ဆိုတာကိုတော့ ပုဂ္ဂိုလ်ရေးတွေပါမှာစိုးလို့ မပြောတော့ဘူး။ ဒီလှိုင်းမှာတောင် ထည့်ခွင့်မပေးသေးဘူး။ စည်းရုံးရေးလုပ်ငန်းတွေ ခရီးရောက်လောက်တဲ့အချိန် နောက်သုံးပတ်လောက် ဆိုရင်တော့ ဆုံးဖြတ်ပေးမှာပါ။ အခုဟာကလည်း ဗဟိုအလုပ်မှုဆောင်ဆုံးဖြတ်ချက်ပါ။" ဟု ၎င်းကပြောသည်။

NLD က ၂၀၁၂ ခုနှစ်တွင် ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ပြီး လွှတ်တော်နေရာ ၄၃ နေရာထိ အနိုင်ရရှိသော အတိုက်အခံပါတီတစ်ခုလည်းဖြစ်သည်။

လာမည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ၌လည်း ပါတီကိုယ်စားပြု အမတ်လောင်း ၁၁၃၈ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly