နောင်ချို-ပြင်ဦးလွင်တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ

15 August 2019
နောင်ချို-ပြင်ဦးလွင်တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ
တိုက်ပွဲဖြစ်သည့်ဒေသများသို့ မသွားလာကြရန် မြောက်ပိုင်းမဟာမိတ်ဘက်မှ မေတ္တာရပ်ခံ (ရုပ်သံ)

လတ်တလောတိုက်ပွဲများဖြစ်နေသည့်ဒေသများသို့ အရပ်သားပြည်သူများအနေဖြင့် မသွားလာကြသေးရန် မေတ္တာရပ်ခံကြောင်း မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ထဲမှ တအာင်း/ပလောင်လွတ်မြောက်ရေးတပ် (TNLA) မှဗိုလ်မှူးတာအိုက်ကျော်က ပြောဆိုလိုက်သည်။

“စစ်ရေးကတော့ လူထုကိုထိခိုက်မှုမရှိအောင် အတတ်နိုင်ဆုံးလူထုနဲ့ဝေးတဲ့နေရာတွေဖြစ်အောင်တော့ လူထုနဲ့နီးတဲ့နေရာတွေကို တော်တော်လေးရှောင်ရှားပါတယ်။ တတ်နိုင်သမျှပေါ့။ တိုက်ပွဲဖြစ်နေတဲ့ နေရာဒေသတွေကို သွားလာဖို့ကတော့ရှောင်ရှားကြဖို့ မေတ္တာရပ်ခံချင်တယ်” ဟု ၎င်းက ဆိုသည်။

ရိုက်ကူး/တည်းဖြတ် - စိုးသူအောင်

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59802
 

တိုက်ပွဲဖြစ်သည့်ဒေသများသို့ မသွားလာကြရန် မြောက်ပိုင်းမဟာမိတ်ဘက်မှ မေတ္တာရပ်ခံ

လတ်တလောတိုက်ပွဲများဖြစ်နေသည့်ဒေသများသို့ အရပ်သားပြည်သူများအနေဖြင့် မသွားလာကြသေးရန် မေတ္တာရပ်ခံကြောင်း မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ထဲမှ တအာင်း/ပလောင်လွတ်မြောက်ရေးတပ် (TNLA) မှဗိုလ်မှူးတာအိုက်ကျော်က ပြောဆိုလိုက်သည်။ သတင်းအပြည့်အစုံ - http://bit.ly/2ZbCOpc

ကွတ်ခိုင်မြို့ သွားလာခွင့် ပိတ်ပင်ထား ၊ နမ့်ဖက်ကာတွင် ကုန်ကားတစ်စင်းအပစ်ခံရ

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ အဝင်အထွက်လမ်းများအား ပိတ်ဆို့ထားပြီး ယာဉ်သွားလာမှုများ ရပ်ဆိုင်းထားသည်ဟု ကွတ်ခိုင်မြို့ ပရဟိတအသင်း တစ်သင်းဖြစ်သည့် ဗြဟ္မာစိုရ် နှလုံးသား အသင်းမှ တာဝန်ရှိသူ တစ်ဦးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59785

ပစ်ခတ်မှုအပြီး ပြင်ဦးလွင်သို့ လာရောက်လည်ပတ်သူ နည်းပါး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သြဂုတ် ၁၅ ရက်၊ နံနက်ပိုင်းက တပ်မတော်နည်းပညာတက္ကသိုလ် ပစ်ခတ်ခံရမှုဖြစ်အပြီး ပြင်ဦးလွင်မြို့ရှိ အထင်ကရနေရာအချို့နှင့် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်စေတီတော် သို့ လာရောက်ဖူးမြှော်သူများ လျော့နည်းသွားသည်ဟု မဟာအံ့ထူးကံသာ ဆုတောင်းပြည့်စေတီ၊ ဂေါပကဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဦးဉာဏ်ထွန်းက ပြောသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59752

ဂုတ်တွင်းတံတား အမြန်ဆုံး ပြန်အသုံးပြုနိုင်ရေး ပြင်ဆင်နေ

ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရန်နှင့် ခရီးသွားများ အမြန်ဆုံးအသုံးပြုနိုင်ရေးအတွက် သြဂုတ် ၁၅ ရက်၊ နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရသည့် ဂုတ်တွင်းတံတားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့က ပြုပြင်တည်ဆောက်လျှက်ရှိကြောင်း သိရသည်။ သတင္းအျပည့္အစုံ - http://www.mizzimaburmese.com/article/59755