LIVE: ဝက်စ်ဟမ်း ၂-၃ စပါး (Full-time)

23 November 2019
LIVE: ဝက်စ်ဟမ်း ၂-၃ စပါး (Full-time)
Premier League November 23, 19:00

West Ham
2-3 (FT)
Michail Antonio 73' Angelo Ogonna 90+6' Son Heung-min 36' Lucas Moura 43' Harry Kane 49'
London Stadium
81 Min

စပါးအသင်းကွင်းလယ်လူ မိုရာရဲ့နေရာမှာ ဆစ်ဆိုကို ဝင်ရောက်ကစားမယ် ခင်ဗျာ။

79 Min

စပါးအသင်းနည်းပြ မော်ရင်ဟိုကတော့ အဲရစ်ဆင်နဲ့ ဆစ်ဆိုကို တို့ကို ထည့်ပြီး ကစားမယ့်ပုံပါ။ ပွဲချိန်ကြာလာတာနဲ့အမျှ စပါးအသင်းရဲ့ ကွင်းလယ်က ကစားအားကျလာခဲ့ပြီး လူစားလဲဖို့ လိုအပ်လာခဲ့တာ ခင်ဗျာ။ စပါးကွင်းလယ်လူ အယ်လီရဲ့ နေရာမှာ အဲရစ်ဆင် ဝင်ရောက်ကစားပါပြီ။

77 Min

ဝက်စ်ဟမ်းအသင်းကတော့ ချေပဂိုးတစ်ဂိုး ရရှိသွားခဲ့လို့ ပိုပြီး ဖိကစားဖို့ရှိနေပြီခင်ဗျာ။ လူစားဝင်ကစားသမားတွေဖြစ်ကြတဲ့ ဖော်နယ်၊ အန်တိုနီယို တို့က အကောင်းဆုံး ကစားနေကြပြီး ဝက်စ်ဟမ်းရဲ့ ကစားပုံက အပြောင်းအလဲတွေ ဖြစ်လာခဲ့တာကို တွေ့နေရပါတယ်။

75 Min

စပါးအသင်းနောက်ခံလူ ဘန်ဒေးဗီးစ် ဒဏ်ရာ ရရှိသွားခဲ့လို့ သူ့နေရာမှာ ဒန်နီရို့စ် ဝင်ရောက်ကစားမှာဖြစ်ပါတယ်။

Goal!!!

လူစားဝင်ကစားသမား အန်တိုနီယို က  ဝက်စ်ဟမ်းအတွက်ချေပဂိုးတစ်ဂိုးကို သွင်းယူပေးလိုက်ပါပြီ။