LIVE: ဝက်စ်ဟမ်း ၂-၃ စပါး (Full-time)

23 November 2019
LIVE: ဝက်စ်ဟမ်း ၂-၃ စပါး (Full-time)
Premier League November 23, 19:00

West Ham
2-3 (FT)
Michail Antonio 73' Angelo Ogonna 90+6' Son Heung-min 36' Lucas Moura 43' Harry Kane 49'
London Stadium
74 Min

နည်းပြ မော်ရင်ဟို က လက်ကျန်မိနစ်တွေမှာ ကွင်းလယ်လူ အဲရစ်ဆင် ကို ထည့်ပြီး ကစားတော့မယ့် ပုံပါ။ ပိုချက်တီနိုရဲ့ လက်ထက်မှာ ခြေစွမ်းကျဆင်းနေတဲ့ အဲရစ်ဆင် အနေနဲ့ နည်းပြသစ်လက်ထက်မှာ ပြန်ပြီး တောက်ပလာဦးမလားဆိုတာ စောင့်ကြည့်ရမယ်ခင်ဗျာ။

72 Min

ဝက်စ်ဟမ်းအသင်းရရှိခဲ့တဲ့ ပြစ်ဒဏ်ဘောကို ခရက်စ်ဝဲ  ကန်သွင်းခဲ့ပေမယ့် တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ထိသွားခဲ့ရတယ်ခင်ဗျာ။ ဟယ်ရီကိန်းကတော့ မျက်နှာတည့်တည့်ကို ဘောလုံးမှန်သွားခဲ့လို့ ဆေးကုသမှုခံယူနေရပါပြီ။

70 Min

ဝက်စ်ဟမ်းအသင်းရဲ့ ထိုးဖောက်မှုကို တားဆီးခဲ့တဲ့ နောက်ခံလူ ဘန်ဒေးဗီးစ်ကတော့ အဝါကတ် ပြသခံလိုက်ရပြီခင်ဗျာ။

68 Min

ဆွန်ဟောင်မင်၊ မိုရာ၊ အယ်လီရဲ့ ဟယ်ရီကိန်းတို့ကတော့ စပါးရဲ့ တန်ပြန်တိုက်စစ်တွေကို ဦးဆောင်နေပါတယ်။ ဒီတစ်ကြိမ် စပါးအသင်း ရရှိခဲ့တဲ့ တန်ပြန်တိုက်စစ်က အလုပ်ဖြစ်ဖို့ရှိခဲ့ပေမယ့်လည်း ဟယ်ရီကိန်းရဲ့ ပေးပို့မှုကတော့ လွဲချော်သွားခဲ့တယ်ခင်ဗျာ။

66 Min

စပါးအသင်းရဲ့ အရန်စာရင်းမှာ အဲရစ်ဆင်၊ ဆစ်ဆိုကို၊ ဒန်နီရို့စ်နဲ့ လိုဆယ်ဆို တို့ရှိနေကြပါတယ်။

ဒါပေမယ့် နည်းပြမော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်းအပြောင်းအလဲတွေကိုတော့ လက်ရှိအချိန်အထိ မတွေ့ရသေးပါဘူး။