LIVE: ဝက်စ်ဟမ်း ၂-၃ စပါး (Full-time)

23 November 2019
LIVE: ဝက်စ်ဟမ်း ၂-၃ စပါး (Full-time)
Premier League November 23, 19:00

West Ham
2-3 (FT)
Michail Antonio 73' Angelo Ogonna 90+6' Son Heung-min 36' Lucas Moura 43' Harry Kane 49'
London Stadium
90 Min

ဝက်စ်ဟမ်းအသင်းကွင်းလယ်လူ ရိုက်စ် က ထောင့်ကန်ဘောကတစ်ဆင့် ချေပဂိုးသွင်းခဲ့ပေမယ့် လူကျွံနေခဲ့တယ်ခင်ဗျာ။

89 Min

ဝက််စ်ဟမ်းရဲ့ စနော့ဂရက်စ်နဲ့ ဟယ်ရီကိန်း တို့ အဝါကတ် ကိုယ်စီ ထိသွားကြပြီခင်ဗျာ။ ဝက်စ်ဟမ်းပရိသတ်တွေကတော့ ကွင်းအတွင်းကနေတောင် ထပြီး ပြန်ကုန်ကြပါပြီ။ ပွဲပြီးဆုံးဖို့ (၅)မိနစ်လောက်  လိုနေပါသေးတယ်။

87 Min

မြင်နေရတဲ့အနေအထားမှာတော့ စပါးနောက်ခံလူ ခရက်စ်ဝဲနဲ့ ဟယ်ရီကိန်းတို့ အချင်းများနေကြတာကို တွေ့ရမှာပါ။ ပွဲပြီးဆုံးဖို့ နီးကပ်လာတာနဲ့အမျှ ကစားသမားတွေရဲ့ ကစားပုံတွေက ကြမ်းတမ်းလာနေခဲ့ပြီး ပြစ်ဒဏ်ဘောတွေ မကြာခဏ ဖြစ်နေတာကို တွေ့ရမှာပါ။

85 Min

လက်ကျန်ပွဲကစားချိန်က (၁၀)မိနစ်လောက်သာ ကျန်တော့ပြီး ဒီရလဒ်အတိုင်းပဲ ပွဲပြီးသွားတော့မယ့် ပုံပါ။ စပါးအသင်းကတော့ ခံစစ်မှာပဲ အချိန်ကုန်နေကြပြီဖြစ်ပြီး ချေပဂိုးထပ်မပေးရဖို့သာ ကြိုးစားနေကြတယ်ခင်ဗျာ။

83 Min

လက်ကျန်ပွဲကစားချိန်က (၁၀)မိနစ်လောက်သာ ကျန်တော့ပြီး ဒီရလဒ်အတိုင်းပဲ ပွဲပြီးသွားတော့မယ့် ပုံပါ။ စပါးအသင်းကတော့ ခံစစ်မှာပဲ အချိန်ကုန်နေကြပြီဖြစ်ပြီး ချေပဂိုးထပ်မပေးရဖို့သာ ကြိုးစားနေကြတယ်ခင်ဗျာ။