Live: Leicester City 2-0 Arsenal (Full-time)

09 November 2019
Live: Leicester City 2-0 Arsenal (Full-time)
Premier League November 10, 00:00

Leicester City
2-0 (FT)
Vardy 68' Maddison 75'
King Power Stadium
Goal!!!

လက်စတာအသင်းအတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူး ဗာဒီ က သွင်းယူသွားခဲ့ပြီဖြစ်ပါတယ်။

67 Min

အာဆင်နယ်အသင်း ကွင်းလယ်လူ ဂွမ်ဒူဇီတစ်ယောက် ဘောလုံးဖျက်ထုတ်ဖို့ ကြိုးစားခဲ့ချိန်မှာ လက်နဲ့ထိခဲ့တယ်ဆိုပြီး လက်စတာ ကစားသမားတွေက ပင်နယ်တီ တောင်းနေကြတာကို တွေ့နေရပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်ကတော့ VAR တောင် ပြန်ကြည့််မပေးခဲ့ဘူးခင်ဗျာ။

66 Min

ဂရေးဝင်လာလို့ လက်စတာရဲ့ ညာခြမ်းတိုက်စစ်က ပိုကောင်းလာမယ်လို့ ထင်စရာရှိပေမယ့် လက်ရှိအချိန်မှာတော့ အာဆင်နယ်ကတောင် ပြန်ပြီး ဖိအားပေးနေတာကို တွေ့ရပါတယ်။ နည်းပြ အမ်မရီအတွက်ကတော့ ဒီပွဲမှာ သရေရခဲ့ရင်တောင် တော်တော်လေး ကံကောင်းတဲ့ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုရမလားပဲ။

64 Min

အချိန်တွေကတော့ တဖြည်းဖြည်းနဲ့ ကုန်လာခဲ့တယ်ခင်ဗျာ ။ နှစ်သင်းစလုံး ဂိုးရဖို့  ခက်ခဲနေကြဆဲပါပဲ။ ပုံမှန်ဆိုရင် အမှားများလွန်းတဲ့ အာဆင်နယ်နောက်တန်းကလည်း ဒီပွဲမှာ တည်ငြိမ်နေတာကို ထူးထူးဆန်းဆန်း တွေ့နေရပါတယ်။

62 Min

ဘောလုံးကို ခြေထောက်ထဲမှာထားပြီး အာဆင်နယ်ကွင်းတစ်ဝက်အထိ တက်ဖိနေတဲ့ လက်စတာရဲ့ ကစားပုံကို မြင်နေရတာပါ။ လက်စတာရဲ့ ကစားပုံက အာဆင်နယ်ထက် ပိုကောင်းနေပေမယ့် ဂိုးရဖို့အတွက်တော့  လိုအပ်ချက်တွေရှိနေဆဲပါ။ နည်းပြ ရော်ဂျာကတော့ ဒီမာရိုင်းဂရေးကို ပီရက်ဇ်နဲ့ လူစားလဲလိုက်ပြီခင်ဗျာ။

Updates

4 years 5 months ago
4 years 5 months ago
4 years 5 months ago
4 years 5 months ago

Pages

Mizzima Weekly