Live: Leicester City 2-0 Arsenal (Full-time)

09 November 2019
Live: Leicester City 2-0 Arsenal (Full-time)
Premier League November 10, 00:00

Leicester City
2-0 (FT)
Vardy 68' Maddison 75'
King Power Stadium
60 Min

နှစ်သင်းစလုံးက ဂိုးရဖို့ ပိုမိုကြိုးစား ကစားလာကြပေမယ့် ဂိုးအဖြစ်တော့ ဘယ်သူမှ ပြောင်းလဲနိုင်ခြင်းမရှိသေးပါဘူး။ လက်စတာရဲ့ ကွင်းဘေးမှာ အားမလိုအားမရ ဖြစ်နေတဲ့ ရော်ဂျာကို တွေ့ရမှာဖြစ်ပြီး သူ့ရဲ့အသင်းသားတွေကို အော်ဟစ်ညွှန်ကြားနေတာကို တွေ့ရပါတယ်။

58 Min

အာဆင်နယ်အသင်းတိုက်စစ်မှူး အူဘာမီယန်း ဂိုးသွင်းနိုင်ခဲ့ပေမယ့်လည်း လူကျွံနေခဲ့တယ်လို့ စည်းကျပ်ဒိုင်က သတ်မှတ်လိုက်တယ်ခင်ဗျာ။ အာဆင်နယ်အသင်း ဦးဆောင်နိုင်မယ့်အခွင့်အရေး နစ်နာခဲ့ရတာပါ။

57 Min

ဒီနေ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ပွဲထွက်လာခဲ့တဲ့ အိုဇေးလ်ကတော့ လက်ရှိအချိန်အထိ ခြေစွမ်းမပြနိုင်သေးပဲ သူ့ရဲ့အခန်းကဏ္ဍက မှေးမှိန်နေတာကို တွေ့ရပါတယ်။ ဒီအခြေအနေအတိုင်းဆိုရင် နည်းပြ အမ်မရီက အိုဇေးလ်ကို လူစားလဲဖို့ ုလိုမှာဖြစ်ပြီး ပီပီ လူစားဝင် ကစားဖို့ရှိနေတယ်ခင်ဗျာ။

55 Min

အာဆင်နယ်အသင်းရဲ့ တန်ပြန်တိုက်စစ်ကတစ်ဆင့် ဘယ်လာရင် ကန်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့ကန်ချက်က ဂိုးပေါက်ရဲ့ ဘယ်ဖက်ထောင့်ကနေ နည်းနည်းလေး ကပ်ထွက်သွားခဲ့တယ်ခင်ဗျာ။

53 Min

အာဆင်နယ်နောက်ခံလူ ဒေးဗစ်လူးဝစ္စတစ်ယောက် တိုက်စစ်ကို လိုက်ပါပြီး ကစားနေတာကို တွေ့နေရပါတယ်။ အာဆင်နယ်တိုက်စစ်မှူးတွေ ကစားပုံကို လူးဝစ္စတစ်ယောက် အားမလို အားမရ ဖြစ်နေပုံပဲ ခင်ဗျာ။

Updates

4 years 5 months ago
4 years 5 months ago
4 years 5 months ago
4 years 5 months ago

Pages

Mizzima Weekly