Live: Leicester City 2-0 Arsenal (Full-time)

09 November 2019
Live: Leicester City 2-0 Arsenal (Full-time)
Premier League November 10, 00:00

Leicester City
2-0 (FT)
Vardy 68' Maddison 75'
King Power Stadium
Goal!!!

မက်ဒီဆင် ရဲ့ လှပတဲ့ သွင်းဂိုးတစ်ဂိုးကို ထပ်မံ တွေ့လိုက်ရပြန်ပြီခင်ဗျာ။ ဗာဒီရဲ့ပေးပို့မှုကနေ မက်ဒီဆင်ကတော့ ဂိုးသမား မလှုပ်နိုင်အောင် ကန်သွင်းသွားခဲ့ပါပြီ။

75 Min

လက်စတာအသင်းက နောက်ထပ် လူစားလဲမှု တစ်ခုအနေနဲ့ အယ်လ်ဘရိုက်တန် ကို ထည့်သွင်းကစားပြန်ပြီ ခင်ဗျာ။

74 Min

လက်စတာအသင်းရဲ့ နောက်တစ်ကြိမ် ဂိုးရဖို့ အခွင့်အရေး ခင်ဗျာ။ ဂရေးရဲ့ ကန်ချက်ကို ဂိုးသမား လီနို ကာကွယ်နိုင်ခဲ့လို့သာ အာဆင်နယ်တို့ သက်သာသွားခဲ့ရတာပါ။

72 Min

အာဆင်နယ်တိုက်စစ်မှာတော့ အူဘာမီယန်းနဲ့ လာကာဇက် တို့ အတွဲမမိပဲဖြစ်နေပုံ ခင်ဗျာ။ အူဘာမီယန်း ဖန်တီးပေးတဲ့ ဘောလုံးတွေကို လာကာဇက်တစ်ယောက် အသုံးမချနိုင်ခဲ့ပဲ အလဟသဖြစ်နေတာကို တွေ့နေရပါတယ်။ အခုလို ဂိုးပေးလိုက်ရတဲ့အချိန်မှာ သူတို့နှစ်ယောက် အတွဲမိဖို့ ပိုပြီး လိုအပ်နေခဲ့ပါပြီ။

70 Min

အာဆင်နယ်အသင်းကတော့ ထုံးစံအတိုင်း ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရပြီခင်ဗျာ။ ဒီ ဦးဆောင်ဂိုးကို သူတို့ပြန်ချေပနိုင်မလား၊ လက်စတာကပဲ ဂိုးထပ်ရသွားမလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။

Updates

4 years 5 months ago
4 years 5 months ago
4 years 5 months ago
4 years 5 months ago

Pages

Mizzima Weekly