Live: အက်စတွန်ဗီလာ ၂-၃ စပါး (Full-time)

16 February 2020
Live: အက်စတွန်ဗီလာ ၂-၃ စပါး (Full-time)
Premier League February 16, 20:30

Aston Villa
2-3 (FT)
Alderweired 9' (OG) Alderweired 27' Engels 53' Son Heung-min 45+2' 90+4'
Stadium: Villa Park
77 Min

လိုဆယ်ဆို ရဲ့ ဖြတ်တင်ဘော တစ်ကြိမ်က အန္တရာယ်ရှိနေခဲ့ပြီး ဗီလာအသင်းဂိုးသမား ရိန်နာ ကာကွယ်နိုင်ခဲ့လို့သာ သက်သာရာ ရသွားခဲ့တာပါ။ လိုဆယ်ဆို ဝင်လာခဲ့တဲ့နောက် စပါးအသင်း ကွင်းလယ်က ပိုမိုအားကောင်းလာခဲ့ပြီး တိုက်စစ်မှူးတွေလည်းနေရာလွတ်တွေရလာခဲ့တယ် ခင်ဗျာ။

75 Min

ဗီလာအသင်းရဲ့ အားကိုးရတဲ့ ကွင်းလယ်လူ ထရီဇီဂက် ဝင်လာခဲ့ပြီး အယ်လ်ဂါဇီ ကို လူစားလဲလိုက်ပြီ ခင်ဗျာ။

73 Min

ဗီလာအသင်းကပဲ ဖြတ်တင်ဘောတွေနဲ့အတူ ပြိုင်ပွဲကို စိုးမိုးထားတယ် ခင်ဗျာ။ ဗီလာအသင်း ထောင့်ကန်ဘောတွေ မကြာခဏ ကန်ခွင့်ရနေပြီး အဲဒီကနေ ဂိုးရအောင် စွမ်းဆောင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

71 Min

ဆံပင်ပုံစံပြောင်းထားတဲ့ စပါးနည်းပြ မော်ရင်ဟို ကတော့ သူ့ရဲ့ တွဲဖက်ဟောင်း ဂျွန်တယ်ရီ ကို ပြိုင်ဖက်အဖြစ် ပြန်လည်ရင်ဆိုင်နေရတာ ခင်ဗျာ။ ဗီလာအသင်းရဲ့ နည်းပြအဖွဲ့ထဲမှာ တယ်ရီ ရှိနေပြီး ဒီနေ့ပွဲမှာ သူ့ရဲ့နည်းဗျူဟာတွေက မော်ရင်ဟို ကို အကျပ်အတည်းထဲ ရောက်နေစေခဲ့ပါတယ်။

69 Min

ဗီလာအသင်းရဲ့ ထောင့်ကန်ဘောကို ခေါင်းတိုက်ဖို့ ကြိုးစားရာကနေ အယ်လ်ဒါဝီးနဲ့ အယ်လ်ဂါဇီ တို့  ခေါင်းချင်းတိုက်မိခဲ့ကြတာ ခင်ဗျာ။ အယ်လ်ဂါဇီ ကိုတော့ ဆေးအဖွဲ့ဝင်ရောက်ပြီး ကုသမှု ပေးနေရပါတယ်။

Updates

4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago

Pages

Mizzima Weekly