LIVE: 2020 General Elections

LIVE: 2020 General Elections
NLD ပါတီကို ဝန်းရံထောက်ခံသူ အင်အား ၂၀၀ ကျော်ခန့် ကမြို့နယ် NLD ရုံးရှေ့တွင် ညနေ ၅နာရီခန့်က အောင်ပွဲခံ

ပုသိမ်မြို့နယ်တွင် NLD ပါတီကို ဝန်းရံထောက်ခံသူ အင်အား ၂၀၀ ကျော်ခန့် ကမြို့နယ် NLD ရုံးရှေ့တွင် ညနေ ၅နာရီခန့်က အောင်ပွဲခံ စုဝေးခဲ့ကြသည်။

ထိုသို့စုဝေးမှုကို မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဒေါ်စန်းစန်းဌေးက လူစုခွဲရန်မေတ္တာရပ်ခံခဲ့သော်လည်း ညနေ ၆နာရီမိနစ် ၃၀ခန့်တွင် လူများပြန်လည်စုဝေးလာခဲ့ကြသည်။

ဓာတ်ပုံ - Min Htet

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီ ဥက္ကဋ္ဌသုံးဦး

၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေက ပါတီဥက္ကဋ္ဌအချို့ဟာ ဝင်ရောက်ယှဉ်ပြိုင်တာတွေမရှိခဲ့ပေမယ့် ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီဥက္ကဌတွေလည်း ရှိပါတယ်။

နိုဝင်ဘာလ ၈ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပြီး မဲစာရင်းရေတွက်မှုတွေအရ အနိုင်ရခဲ့တဲ့ ပါတီဥက္ကဋ္ဌ သုံးဦးထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီပါတီဥက္ကဌတွေကတော့ အင်အားကြီးပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက လက်ရှိနိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကော့မှူးမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာက အနိုင်ရရှိခဲ့ပါတယ်။

တည်းဖြတ် / တင်ဆက် - ချမ်းငြိမ်း

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကျင်းပသည့် ၈မြို့နယ်တွင် ANPပါက ၅မြို့နယ်အထိ အနိုင်ရရှိ

ဒီနှစ် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်နယ်အချို့က တိုင်းရင်းသားပါတီတွေ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ခဲ့ ကြပါတယ်။  
ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် စတဲ့ပြည်နယ်တွေမှာ နာမည်ကြီးတိုင်းရင်းသားပါတီတွေ အနိုင်ရရှိထားတယ်လို့ ရရှိထားတဲ့အချက်အလက်တွေအရ သိရပါတယ်။  

လတ်တလောအခြေအနေတွေမှာတော့ ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီ (ANP)က ရခိုင်ပြည်နယ်အ တွင်းက ရွေးကောက်ပွဲကျင်းပခွင့်ရတဲ့ ရှစ် မြို့နယ်ထဲက ငါးမြို့နယ်မှာ အနိုင်ရရှိထား တယ်လို့သိရပါတယ်။  

တောင်ကုတ်မြို့နယ်၊ မာန်အောင်မြို့နယ်၊ စစ်တွေမြို့နယ်၊ ရမ်းဗြဲမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တွေမှာ ANPပါတီက လက်ရှိအာဏာရပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့ကိုကျော်ကာ အသာရရှိထားပါတယ်။

တည်းဖြတ် / တင်ဆက် - အုပ်မှူးဇော်

တွန်းဇံ မဲဆန္ဒနယ် အမှတ်(၂)တွင် နည်းပညာအားနည်းချက်ကြောင့် မဲစာရင်းရေတွက်မှုမှားယွင်း

ချင်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)မှာ မဲပေးခွင့်ရှိတဲ့ လူဦးရေ ထက်ပိုတဲ့ မဲအရေအတွက်တွေ ဖြစ်နေကြောင်း အင်တာနက် လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ ဖြစ်စဉ်ဟာ မဲအရေအတွက် စုစုပေါင်းစာရင်းကို ရေးသွင်းရာမှာ အမှားအယွင်းဖြစ်သွားတာကြောင့်  ဖြစ်ပြီး မဲမသမာမှု ပြုလုပ်တာမရှိဘူးလို့  ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော် က ပြောပါတယ်။

 အဲဒီမဲဆန္ဒနယ်က မဲရုံတစ်ရုံချင်းအလိုက် မဲစာရင်းအရေအတွက်ဟာ မှန်ကန်ပေမယ့် တစ်မြို့နယ်လုံး အတွက် စာရင်းချုပ်ဖို့ ကွန်ပြူတာအတွင်း ကိန်းဂဏန်းများ ရေးသွင်းရာမှာ ရေးသွင်းသူ ကွန်ပြူတာ စာရေးရဲ့ အားနည်းချက်ကြောင့် စုစုပေါင်းစာရင်းမှာ ကိုယ်စားလှယ်လောင်း ၅ ဦးရဲ့ မဲရလာဒ် အရေအတွက် ၂ ဆတိုးသွားတာဖြစ်တယ်လို့ ဦးလင်းကျော်က ပြောပါတယ်။

 တည်းဖြတ်  - ဇော်မင်းထွေး

တင်ဆက် - သီရိဇော်

တန့်ယန်းမဲဆန္ဒနယ် အမှတ် ( ၁ ) တွင် ပြည်သူ့စစ်ခေါင်းဆောင် အနိုင်ရ

ရှမ်းပြည်နယ်မြို့နယ်လွှတ်တော် တန့်ယန်းမဲဆန္ဒနယ် အမှတ် ၁ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ဝင်ရောက်ယှဉ်ပြိုင်တဲ့ မန်ပန် ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန် ( ခ ) ဗိုလ်မွန်းက အနိုင်ရရှိထားတယ်လို့ သိရပါတယ်။

ရိုက်ကူး - မွေလျန်း

တည်းဖြတ် - ပြည့်ဖြိုးအောင်

တင်ဆက် - စနိုး