LIVE: 2020 General Elections

LIVE: 2020 General Elections
မဲလာပေးသူတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သဖြင့် မဲရုံမှုးနှင့် မဲရုံဝန်ထမ်းများအား ကွာရန်တင်း ထားရှိ

ကျောက်မဲကနေ မဲပေးပြီးပြန်လာတဲ့ ယာဉ်မောင်းတစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် သူမဲပေးခဲ့တဲ့ မဲရုံက မဲရုံမှုးတွေအပါအဝင် တာဝန်ကျ မဲရုံဝန်ထမ်းတွေကို Facility quarantine ထားရှိ လိုက်ရတယ်လို့ သိရပါတယ်။

အထွေထွေရွေးကောက်ပွဲနေ့က ကျောက်မဲမြို့ နောင်ပိန်ကျေးရွာ အုပ်စုက မဲပေးခဲ့ပြီးနောက် နိုဝင်ဘာ ၉ ရက်မှာ ကျောက်မဲမြို့က ပြန်လည်ထွက်ခွာလာခဲ့တဲ့ အသက် ၄၂နှစ်အရွယ် ယာဉ်မောင်းတစ်ဦးမှာ COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/75497

တည်းဖြတ် - ပြည့်ဖြိုးအောင်

တင်ဆက် - သီရိဇော်

Mizzima TV ၏ မြန်မာ့၂၀၂၀ အထွေထွေရွေးကောက်ပွဲသတင်းပေးပို့မှုများကို ရန်ကုန်မြို့နေရာအတော်များများရှိ LED ဆိုင်းဘုတ်များတွင်လည်း တစ်ပြိုင်တည်း ပြသ

Mizzima TV ၏ မြန်မာ့၂၀၂၀ အထွေထွေရွေးကောက်ပွဲသတင်းပေးပို့မှုများကို ရန်ကုန်မြို့နေရာအတော်များများရှိ LED ဆိုင်းဘုတ်များတွင်လည်း တစ်ပြိုင်တည်း ပြသနေခဲ့သည်။ 

ဓာတ်ပုံ- မဇ္ဈိမ
 

မျက်နှာပန်းမလှခဲ့တဲ့ ပါတီသစ်ကြီး ၃ ပါတီ

နိုဝင်ဘာ ၈ရက်မှာကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကတော့ အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပါပြီ။

ဒီရွေးကောက်ပွဲမှာတော့ ပါတီပေါင်း ၉၁ ပါတီက ကိုယ်စားလှယ်လောင်းပေါင်း ၅၆၀၀ကျော်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုပြိုင်ဆိုင်ခဲ့တဲ့နေရာမှာ မျက်နှာသစ်ပါတီတွေလည်းဖြစ် လူသိထင်ရှားသူတွေဖြစ်တဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်သူ ဒေါက်တာသက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့ကလည်း မဲဆန္ဒနယ်အများအပြားမှာ ဝင်ရောက်ပြိုင်ဆိုင်ခဲ့တာပါ။

တည်းဖြတ် / တင်ဆက် - ချမ်းငြိမ်း

ကြံ့ခိုင်ရေး ဝန်ကြီးဟောင်း၊ ဝန်ကြီးချုပ်ဟောင်းများ အပြတ်သတ်ရှုံးနိမ့် 

 စစ်အစိုးရနဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်စသည့် ထိပ်သီးတာဝန်တွေကို ယူခဲ့ဖူးတဲ့ ၃၅ ယောက်ဟာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ရာမှာ ၃ ဦးပဲနိုင်ပြီး၊ ကျန်တဲ့နေရာတွေမှာ NLD ကို အပြတ်အသတ်ရှုံးနိမ့်ခဲ့ပါတယ်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/75471

တည်းဖြတ် / တင်ဆက် - အောင်မျိုးထွဋ်

ရခိုင့်တပ်(AA)က ဖမ်းဆီးထားသည့် တောင်ကုတ်မြို့က  NLDပါတီကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲရှုံးနိမ့်

ရခိုင်ပြည်နယ် ၊တောင်ကုတ်မြို့နယ်နဲ့ ၁၅ မိုင်ခန့်ကွာဝေးတဲ့ ဖောင်းကားကျေးရွာမှာ သွားရောက်မဲဆွယ်နေစဉ် ရခိုင်တပ်(AA)က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တောင်ကုတ်မြို့နယ်မှာ ရွေးကောက်ပွဲရှုံးနိမ့်သွားတယ်လို့ သိရပါတယ်။

အဲ့ဒိတောင်ကုတ်မြို့နယ်မှာ ရခိုင်အမျိုးသားပါတီ(ANP)က ကိုယ်စားလှယ်လောင်းတွေက အနိုင်ရရှိသွားတာဖြစ် ပြီး တောင်ကုတ် ပြည်သူ့လွှတ်တော်နေရာအတွက် ANP မှ ဒေါ်လှသက်စိုး က NLD မှ ဒေါ်နီနီမေမြင့်ကိုလည်း ကောင်း၊ တောင်ကုတ်အမျိုးသားလွှတ်တော်နေရာအတွက် ANP မှကိုယ်စားလှယ်လောင်းက  NLD မှ ဒေါ်ချစ်ချစ်ချောကို လည်းကောင်း၊ပြည်နယ်လွှတ်တော်အမှတ်(၁)နေရာအတွက် ANP ပါက ဦးမောင်သန်းလွင့် မှ NLDက ဦးဝင်းမြင့်ကို အနိုင်ရရှိခဲ့သလို ပြည်နယ်လွှတ်တော် အမှတ်(၂) နေရာအတွက် ANP မှ ဒေါ်ခင်မျိုး ယဉ်က NLD မှ ဦးမင်းအောင်ကို အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒိတောင်ကုတ်မြို့နယ်မှာတော့ မဲဆန္ဒနယ် သုံးပုံနှစ်ပုံခန့်မှာ လုံခြုံရေးကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲမကျင်းပဖို့ ကြေညာထားတာကြောင့် မဲပေးသူ သိသိသာသာကျဆင်းသွားခဲ့ တယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇော်မင်းထွေး

တင်ဆက် - ဆုမြတ်မေဇော်