ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် ဂျာမနီသံတမန်တို့ မြန်မာ့အရေး ဆွေးနွေး

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် ဂျာမနီသံတမန်တို့ မြန်မာ့အရေး ဆွေးနွေး

ဇန်နဝါရီ ၂၈

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ခ် ဆော့ခွန်းနှင့် ဂျာမနီအကြီးတန်းသံတမန်တစ်ဦးတို့ ဇန်နဝါရီ ၂၆ ရက်က တွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံအရေးကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ပုံမှန်အခြေအနေ ပြန်ဖြစ်ရေး၊ အကြမ်းဖက်မှု ရပ်ဆိုင်းရေး ၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကူညီရန် ကမ္ဘောဒီးယားဘက်က အပြည့်အဝ ရည်မှန်းထားသည်ဟု ဆော့ခွန်းက ပြောဆိုခဲ့သည်ဟု သိရသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခံထားရသည့် ဆော့ခွန်းသည် ဂျာမန် ဖက်ဒရယ်နိုင်ငံခြားရေးရုံးမှ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ပီထရာ ဆစ်ဂ်မွန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုလုပ်ငန်းစဉ်မှာ သက်ဆိုင်သူအားလုံး ပါဝင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်” ဟု ဆော့ခွန်းက အချိန်ရှည်ကြာလာနေခဲ့ပြီဖြစ်သည့် မြန်မာ့အကျပ်အတည်းကို ရည်ညွှန်းရင်း ပြောဆိုခဲ့သည်။

ထို့ပြင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ မြန်မာခရီးစဉ်နှင့်ပတ်သက်၍လည်း ဆော့ခွန်းက ဆစ်ဂ်မွန်းကို အကျဉ်းရုံးရှင်းပြခဲ့သည်။

ဟွန်ဆန်၏ ခရီးစဉ်က မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်မှုတွင် တဆင့်ပြီးတဆင့် တိုးတက်စေရေး လမ်းခင်းပေးရန် ရည်ရွယ်ခဲ့ကြောင်း ဆော့ခွန်းက ပြောခဲ့သည်။

သို့သော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြန်မာကပဲ ဦးဆောင်ပြီး မြန်မာ၏ ကိုယ်ပိုင် ဖြစ်ရလိမ့်မည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required