အစိုးရဖွဲ့စည်းရေးအတွက် NLDဆွေးနွေး၊ အခက်အခဲများစွာ ရှိနေဟုဆို

အစိုးရဖွဲ့စည်းရေးအတွက် NLDဆွေးနွေး၊ အခက်အခဲများစွာ ရှိနေဟုဆို

ဝင်ဘာရွေးကောက်ပွဲရလဒ်အရ အစိုးရတစ်ရပ်ဖွဲ့စည်းတော့မယ့် NLDပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို ဇန်နဝါရီ ၁၀ရက်၊ နေ့လည် ၁နာရီမှာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီစံအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။

"အစိုးရဖွဲ့စည်းရေး ဘာညာဘာညာ ဆွေးနွေးတယ်။ ဆုံးဖြတ်ချက် မရှိသေးဘူး။ ဆုံးဖြတ်ချက်မရှိသေးတော့ အသေးစိတ် တော့ ပြောလို့မရဘူး။ ကျွန်တော်တို့ နောက်တစ်ကြိမ်အစည်းအဝေးအတွက် အခက်အခဲအများကြီး ရှိတယ်။ အခု ဆုံးဖြတ်လို့ မရဘူး" လို့ NLDရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက အစည်းအဝေးအပြီးပြန်အထွက် ညနေ ၃နာရီ ၅၀မိနစ် မှာ ပြောပါတယ်။

လက်ရှိ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသက်တမ်းဟာ လာမယ့် မတ်လကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး နောက်အစိုးရသက်တမ်းမှာ NLDပါတီရဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags