ပျောက်ဆုံး၊ ခိုးယူနိုင်ငံကူးလက်မှတ်ဖြင့် နိုင်ငံတွင်းဝင်ရန်ကြိုးပမ်းသူ အီတလီနိုင်ငံသားကိုပြန်စေလွှတ်

ပျောက်ဆုံး၊ ခိုးယူနိုင်ငံကူးလက်မှတ်ဖြင့် နိုင်ငံတွင်းဝင်ရန်ကြိုးပမ်းသူ အီတလီနိုင်ငံသားကိုပြန်စေလွှတ်
နေပြည်တော်တွင်ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးအတွင်းလုံခြံုရေးယူထားသည့် ရဲတပ်ဖွဲ့တစ်ဦးကိုတွေ့ရစဉ်။ ဓါတ်ပုံ၊ မဇ္စျိမ။

ရန်ကုန်၊ နိုဝင်ဘာ ၄။          ။ပျောက်ဆုံး၊ ခိုးယူထားသည့် နိုင်ငံကူးလက်မှတ်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ရန်ကြိုးပမ်းခဲ့သည့် အီတလီနိုင်ငံသားတစ်ဦးကို လာရင်းနိုင်ငံသို့ပြန်ရန် ပြန်လည်စေလွှတ်ခဲ့ရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံတစ်ကာရဲတပ်ဖွဲ့ဌာန အင်တာပို(မြန်မာ) ဌာနမှူး ရဲမှူးချုပ်စိုးမြိုင်က ဒီဇင်ဘာ ၄ရက်တွင် မဇ္ဈိမကို ပြောသည်။

၂၀၁၆ခုနှစ် ဇန်နဝါရီနှစ်စပိုင်းအတွင်းပင် ထိုင်းနိုင်ငံလေဆိပ်မှ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်ရန် ၎င်းကကြိုးပမ်းခဲ့ခြင်းလည်းဖြစ်သည်ဟု ၎င်းကပြောသည်။

"သူကပျောက်ဆုံး၊ ခိုးယူတဲ့လက်မှတ်နဲ့ဝင်ဖို့လုပ်တာ ကျွန်တော်တို့ကညှိနှိုင်းပြီးပြန်လွှတ်ခဲ့ရတယ်။ သူတို့ ကလည်း ဒီခိုးယူထားတဲ့လက်မှတ်ကိုင်ပြီးဝင်တာက သွေးရိုးသားရိုးဖြစ်ချင်မှလည်း ဖြစ်မယ်။ ဆိုပေမယ့် ကောင်းကျိုးထက်၊ ဆိုးကျိုးကများနိုင်တယ်။ အဲဒီအတွက်ပြန်နှင်ရတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပါပဲ။" ဟု ရဲမှူးချုပ် စိုးမြိုင်ကဆိုသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံအတွင်း အိုင်အက်စ်နှင့် ပက်သက်သည်ဆီးရီးယားနိုင်ငံသား ၁၀ဦးဝင်ရောက်ပြီးသည့် ဒီဇင်ဘာလအလယ်ပိုင်းနောက်ပိုင်း မြန်မာနိုင်ငံသို့ ၂၀၁၆ခုနှစ် နှစ်စပိုင်းတွင် ပျောက်ဆုံး၊ ခိုးယူရရှိထားသည့် နိုင်ငံကူးသက်သေခံလက်မှတ်ဖြင့် ဝင်ရောက်ရန်ကြိုးပမ်းခဲ့ခြင်းလည်းဖြစ်သည် ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပျောက်ဆုံးပျက်စီး၊ ခိုးယူအထောက်အထားများနှင့် နိုင်ငံတွင်းဝင်ရန်ကြိုးပမ်းခြင်း၊ အကြမ်းဖက်သတင်းများနှင့်၊ အကြမ်းဖက်အဖွဲ့များနှင့် ပက်သက်သူသတင်းများကို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို)နှင့် အာဆီယံရဲတပ်ဖွဲ့ (အာဆီယံပို)တို့မှ သတင်းဖလှယ်ရရှိခြင်းလည်း ဖြစ်သည်ဟု ရဲမှူးချုပ် ဝင်းမြိုင်ကပြောသည်။

ထိုင်းနိုင်ငံအတွင်းဝင်ရောက်ခဲ့သည်ဟုဆိုသည့် အိုက်အက်စ်နှင့် ပက်သက်သူဆီးရီးယားနိုင်ငံသား ၁၀ဦးမှ ၈ဦးသာ ထိုင်းရဲတပ်ဖွဲ့က စုံစမ်းသိရှိရပြီး ကျန်ရှိသည့် ၂ဦးကိုမူစုံစမ်းထောက်လှမ်းရရှိမှုမရှိသေးပေ။

ယင်းအီတလီနိုင်ငံသားက ၂၀၁၆ခုနှစ်တွင် ပထမဆုံးခိုးယူ၊ ပျောက်ဆုံးနိုင်ငံကူးလက်မှတ်ဖြင့် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်၂၀၁၅ခုနှစ်တွင် နယ်သာလန်နိုင်ငံသားတစ်ဦးကလည်း ပျောက်ဆုံးပျက်စီးသည့် နိုင်ငံကူးလက်မှတ်ဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်ရန် ကြိုးပမ်းခဲ့သဖြင့် ပြန်လည်နှင်လွှတ်ခဲ့ရသေးသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ စာရင်းအရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags