NCA စာချုပ် လက်မှတ်ရေးထိုးမှု ပြည်ထောင်စုလွှတ်တော် အတည်ပြု

NCA စာချုပ် လက်မှတ်ရေးထိုးမှု ပြည်ထောင်စုလွှတ်တော် အတည်ပြု

နေပြည်တော်၊ ဒီဇင်ဘာ ၈ ။ ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးမှုကို ပြည်ထောင်စုလွှတ်တော်က ဒီဇင်ဘာ ၈ရက်တွင် အတည်ပြုလိုက်သည်။

NCA စာချုပ်အား အတည်ပြုပေးနိုင်ရန် နိုဝင်ဘာလ ၁ ရက်က နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့  ့သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်မင်း စာချုပ်ကိုအတည်ပြုပေးရန် လွှတ်တော်သို့တောင်းဆိုခဲ့သည်။

NCA စာချုပ်ကို အတည်ပြုပေးရန် နှင့်စပ်လျဉ်း၍ ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးခဲ့သည်။

ဆွေးနွေးရာတွင် စာချုပ်ပါ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ဆိုသည့်အတိုင်း လက်မှတ်မထိုးထားသည့်အဖွဲ့များ လက်မှတ်ရေးထိုးနိုင်ရန် အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု အများစုက ဆွေးနွေးခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်ရှိ MICC - 2 တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရှစ်ခု နှင့် အစိုးရတို့ကြားလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags