ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၁၇ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၁၇ ဦး အဖမ်းခံရ

ဇွန် ၁၄

ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုဖြင့် ကလေးတစ်ဦးအပါအ၀င် မြန်မာနိုင်ငံသား ၁၇ ဦး ဇွန်လ ၁၃ ရက်က ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဇွန်လ ၁၃ ရက် ညပိုင်းက ထိုင်း အမှတ် (၄) ခြေလျင်တပ်ရင်း၏ ကင်းလှည့်အဖွဲ့တစ်ခုက အဆိုပါ မြန်မာနိုင်ငံသားများကို မဲဆောက်ခရိုင် သောင်ရင်းမြစ်ကမ်းပါးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် တမ်ဘွန်သာဆိုင်လွက်ရှိ ဘန်၀မ်တက်ခီယန် ထိုင် ကျေးရွာအနီး သောင်ရင်းမြစ်ထဲမှ ကမ်းပါးဆီ တက်နေခဲ့စဉ်ထိုင်းစစ်သားများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အားလုံးသည် မြစ်ကို လှေဖြင့် ဖြတ်ကူးပြီး ထိုင်းဘက်ခြမ်းသို့ ဆိုက်ရောက်စဥ် မိုးမိသဖြင့် အားလုံး ရွှဲရွှဲစိုနေခဲ့ကြကြောင်း သိရသည်။

အဖမ်းခံရသူများမှာ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး လေးဦးနှင့် ကလေးတစ်ဦးတို့ ဖြစ်သည်။ ၎င်းတို့တွင် ခရီးသွားလာမှု စာရွက်စာတမ်းများ မရှိဟု သိရသည်။ အားလုံးသည် ပဏာမ ကျန်းမာရေး စစ်ဆေးမှုကို ကျော်ဖြတ်ထားခဲ့ကြသည်။

၎င်းတို့သည် အလုပ်အကိုင်ရှာရန်အတွက် မြစ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ခဲ့ကြခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ယခုအခါ ၎င်းတို့အားလုံးကို ဥပဒေဆိုင်ရာ အရေးယူမှု လုပ်ဆောင်ရန်အတွက် မဲဆောက် လူ၀င်မှု ကြီးကြပ်ရေးရုံးသို့ လွှဲပြောင်းပေးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly