အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ကျင့်သုံးရေးအတွက် NUG နှင့် CNF နှစ်ဖက်သဘောတူညီချက်လက်မှတ်ရေးထိုး

အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ကျင့်သုံးရေးအတွက် NUG နှင့် CNF နှစ်ဖက်သဘောတူညီချက်လက်မှတ်ရေးထိုး

မေ ၂၉

အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ကျင့်သုံးရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့အကြား နှစ်ဖက်သဘောတူညီချက်ကို ယနေ့ မေလ ၂၉ ရက်တွင် အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ကြောင်း NUG မှထုတ်ပြန်လိုက်သည်။

အဆိုပါ သဘောတူညီချက်တွင် NUG နှင့် CNF တို့အကြား အပြန်အလှန်အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှုဖြင့် အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ကျင့်သုံးရေးအတွက် တန်းတူရေးအခြေခံဖြင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် အခြား အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုကိစ္စများပါဝင်ကြောင်းသိရသည်။

ယင်းနှစ်ဖက်သဘောတူညီချက်အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်မှ နိုင်ငံတော် ဒုတိယ သမ္မတကြီး ဒူဝါလရှီးလ နှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဝန်ကြီးများ နှင့် ချင်းအမျိုးသားတပ်ဦး (CNF) မှ ဥက္ကဌ ပူးဇင်ကျုံး၊ ဒု-ဥက္ကဌများ၊ အထွေထွေအတွင်းရေးမှူးများမှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required