မေ ၂၁
မေလ ၂၁ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်မနစ် အချိန်မှာ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူများက အတည်ပြုပါတယ်။
ဒီးမော့ဆို ဒေါငံခါးရပ်ကွက်နှင့် မြို့မရပ်ကွက် ဒီမောဆိုမနာပလော်တို့မှာတိုက်ပွဲဖြစ်ပွားတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် နယ်မြေအတွင်းကျူးကျော်လာပြီး ပြည်သူများကို ပစ်ခတ်ဖမ်းဆီးမှုတွေပြုလုပ်သည့်အတွက် ဒီမောဆိုပြည်သူ့ကာကွယ်ရေးတပ်ကပြန်လည်ခုခံကာကွယ်ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်ဖြင့် ဆက်တိုက်ဆိုသလို ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီး၊ ကလေးနှင့် သက်ကြီးရွယ်အိုတို့က ဘေးလွတ်ကင်းရန်နေရာမှာရှောင်ပုန်းနေရတယ်လို့ ဆိုပါတယ်။
အခုချိန်ထိ အကြမ်းဖက်စစ်ကောင်စီတပ်တို့က အင်အားထပ်မံဖြစ်တင်းနေတယ်လို့လည်းသိပါတယ်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိခိုက် ဒဏ်ရာရ အကျအရှုံးကိုတော့ခုထိမသိရသေးဘူးလို့ ကနဦးသတင်းအရသိရပါတယ်။