ဒေါ်အောင်ဆန်းစုကြည် မဲအနိုင်ရရှိမှုအား အနောက်ဘင်ဂေါ ဝန်ကြီးချုပ် ဂုဏ်ပြု

ဒေါ်အောင်ဆန်းစုကြည် မဲအနိုင်ရရှိမှုအား အနောက်ဘင်ဂေါ ဝန်ကြီးချုပ် ဂုဏ်ပြု

အထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရေစီအိုင်ကွန်နှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် အနိုင်ရလဒ်များ ထွက်ပေါ်ခြင်းအပေါ် အနောက်ဘန်ဂေါ ဝန်ကြီးချုပ် မာမာတာဘန်နာဂျီက နိုဝင်ဘာ ၉ ရက်တွင် ဂုဏ်ပြုစကားပါးလိုက်သည်။

"ရွေးကောက်ပွဲမှာ အောင်မြင်ခြင်းရောင်ခြည်မြင်နေရပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ရင်ထဲကကို ဂုဏ်ယူမိပါတယ်။ ဒီမိုကရေစီအတွက် အောင်ပွဲတစ်ရပ်ပါပဲ။"ဟု ဘန်နာဂျီက တွစ်တာတွင် ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံ၏ ပါတီစုံအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်က ဆန္ဒမဲပေးနိုင်သူ ၃၃ ဒသမ ၅ သန်းဝန်းကျင့်ဖြင့် ကျင်းပပြီးစီးခဲ့သည်။

၂၀၁၅အထွေထွေ ရွေးကောက်ပွဲသည် စစ်အစိုးရက အရပ်သားအစိုးရအဖြစ် ၂၀၁၁ ခုနှစ်တွင် စတင်လွှဲပြောင်းပေးပြီးနောက် ဒုတိယမြောက် ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။

ယခုရွေးကောက်ပွဲသည် နိုင်ငံ၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် လွတ်လပ်ရေးသမိုင်းတွင် အရေးကြီးဆုံးရွေးကောက်ပွဲအဖြစ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားသည်။

Ref: The Economic Times

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly