ရွေးကောက်ပွဲရလာဒ်ကို လက်မခံရင် ဘာလုပ်မှာလဲ (ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောကြားချက်)

ရွေးကောက်ပွဲရလာဒ်ကို လက်မခံရင် ဘာလုပ်မှာလဲ (ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောကြားချက်)

တပ်မတော်ကာကွယ်ရေးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်က ရွေကောက်ပွဲနေ့မှာ နေပြည်တော် ကာကွယ်ရေးဦးစီးချုပ် ရုံးစိုက်ရာ အနော်ရထာခန်းမဆောင်တွင် ဖွင့်လှစ်သည့် မဲရုံ အမှတ်(၁)တွင် မဲပေးခဲ့သည်။ မဲပေးမှု အပြီး သတင်းထောက်များကို ကာချုပ် ဘာပြောသလဲ မဇ္ဈိမသတင်းထောက် ဦးလွင်က စုစည်းတင်ပြထားသည်။

မေးခွန်း ။ ဘယ်ပါတီအနိုင်ရမယ်လို့ မျှော်လင့်ထားပါသလဲ။
ဖြေ ။ ပြည်သူအားကိုးတဲ့ပါတီ အနိုင်ရမယ်လို့  မျှော်လင့်ထားပါတယ်။

မေး။ အကယ်၍ များ အတိုက်ခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့မယ်ဆိုရင်ရော တပ်ချုပ်ကြီး ဘယ်လို သဘောထားပါလဲ ခင်ဗျား ။
ဖြေ ။ ပြည်သူက ရွေးချယ်တာပဲ၊ ကျွန်တော်တို့ ဘာမှ လက်မခံနိုင်စရာအကြောင်မရှိဘူးလေ။

မေး ။ ရွေးကောက်ပွဲကို ဘယ်လိုပုံစံမျိုးနဲ့ ပြီးသွားစေချင်လဲ ခင်ဗျာ့။

ဖြေ ။ အေးအေးချမ်းချမ်းပေါ့ဗျာ့၊ တစ်ကယ်ပြည်သူ့ရဲ့ ဆန္ဒအတိုင်းပဲ မှန်မှန်ကန်ကန်နဲ့ သူတို့ အားကိုးရတဲ့ လူတွေ အဖွဲ့အစည်းတွေ၊ ပါတီတွေ၊ အောင်မြင်မှုရတာ လိုလားတာပေါ့၊ ပြည်သူ အားမကိုးရတဲ့လူ နိုင်သွားရင် ဘာလုပ်မှာတုန်း ၊ ပြည်သူအားကိုးရတဲ့သူ ဖြစ်ဖို့ လိုတာပေါ့ .. မဟုတ်ဘူးလား။

မေး ဒီရွေးကောက်ပွဲရလာဒ်က မြန်မာပြည်ကို ဘယ်လိုမျိုး ဖော်ဆောင်နိုင်မယ်လို့ ယူဆပါသလဲ။
ဖြေ ။ အခု ကျွန်တော်တို့ သွားနေတာ ပါတီစုံ ဒီမိုကရေစီစနစ်သွားနေတာ၊ ဒီစနစ်ကို ပိုပြီးတော့ ခိုင်ခိုင်မာမာဖြစ်မယ် ကျွန်တော် ယုံကြည်တယ်။

မေး ။ ဒီရွေးကောက်ပွဲရလာဒ်ကနေပြီးတော့ တိုင်းပြည်၏ အနာဂါတ်အတွက် ဘယ်လိုဖြည့်စွက်ပြီးတော့ ဘယ်လိုမျိုးရလာဒ်တွေ တိုင်းပြည်အတွက် ဖော်ဆောင်ပေးနိုင်မယ်လို့ ထင်ပါလဲ။
ဖြေ ။ ကောင်းတဲ့ရလာဒ်တွေ ကျွန်တော်တော့ မျှော်လင့်ထားတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သွား နေတာကိုက ဒီစနစ်ကိုသွားမယ်လို့ အခိုင်အမာကြေညာခဲ့ပြီးသားတော့ အဲ့တော့ ပြည်သူကနေပြီးတော့ မှန်မှန်ကန်ကန် ရွေးချယ်တဲ့ ရလာဒ်အပေါ်မှာ ရရှိလာတဲ့ လူတွေကနေပြီးတော့ ဒီဟာကို ကောင်းအောင် ဝိုင်းပြီး  ဆောင်ရွက်ကြမယ်ဆိုရင် တိုင်းပြည်က အရင်ထက် မြန်မြန်တိုးတက်မယ်လို့ ကျွန်တော်ယုံကြည်ထားတယ်။

မေး ။ ရွေးကောက်ပွဲကာလအပြီး နောက်တက်လာမည့် အစိုးရသစ် ဖွဲ့မည့် ကြားကာလမှာ ပြည်သူတွေက စိုးရိမ် နေပါတယ်ရှင့်၊ ရွေကောက်ပွဲက အောင်အောင်မြင်မြင် ပြီးဆုံးသွားရင်တောင် ကြားကာလ တိုင်းပြည်၏ အပြောင်းအလဲက တစ်မျိုးတစ်ဖုံဖြစ်သွားနိုင်တယ်လို့ ထင်နေကြပါတယ်ရှင့်၊ အဓိက အသွင်ကူးပြောင်းရေး ကလာမှာ တည်ငြိမ်းရေးအတွက် တပ်မတော်က ဘယ်လို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စီစဉ်ထားပါသလဲ။
ဖြေ ။ ပြည်သူကလဲ ဥပဒေနှင့်အညီသွားနိုင်ဖို့လိုတယ်၊ နံပါတ်တစ်အချက် ရွေးကောက်ပွဲ ရလာဒ်ကို လက်ခံနိုင်ဖို့လိုတယ်၊ ဘယ်သူပဲဖြစ်ဖြစ်ပေါ့၊ ယူအီးစီကနေပြီးတော့ ရွေးကောက်ပွဲ ရလာဒ်ကြေညာလိုက်ပြီဆိုရင် ဒါလက်ခံရမယ်၊ ဒါ ဘယ်သူပဲဖြစ်ဖြစ် ရှုံးတဲ့သူလည်း လက်ခံရမယ်၊ နိုင်တဲ့သူလည်း လက်ခံရမယ်၊ ဒါဒီမိုကရေစီရဲ့ အလေ့အထ တစ်ခုပဲ၊ ဒါကို လက်မခံဘူးဆိုလို့ ရှိရင်တော့ ပြဿနာတွေ တက်လာမှာ အဲ့ဒီ အခါကျရင် အုပ်ချုပ်ရေး အဖွဲ့အစည်းတွေလုပ်တဲ့ စနစ်တွေ အကုန်လုံးရှိပါတယ်၊ ထိန်းသိမ်းပါလိမ့်မယ်၊ တပ်မတော် အနေနဲ့ကတော့ သူရဲ့ ဥပဒေအရ ဆောင်ရွက်ဖို့ ရှိလာတဲ့အခါကျမှ တပ်မတော်ကလုပ်မှာ ကျန်တဲ့အချိန်ကတော့ ကျွန် တော် ဘာမှပါစရာအကြောင်းလည်း မရှိဘူး၊ ကျွန်တော် အကုန်လုံး ဒီအတိုင်းပဲ စီစဉ်ထားပါတယ်။

မေး ။ တစ်ကယ်လို့ များ ရွေးကောက်ပွဲ ရလာဒ်က လူထုကျေနပ်လောက်တဲ့ ရွေကောက်ပွဲပေါ့၊ ရွေကောက်ပွဲကတော့ မျှတတယ်၊  တည်တည်ငြိမ်ငြိမ်နဲ့ ပြီးဆုံးသွားမယ်။ ဒါပေမယ့် ရလာဒ်က လူထု လက်ခံနိုင်မယ့်ရလာဒ် မဟုတ်လို့ လူထုက ဒေါသ ထွက်လာနိုင်မယ့် အခြေအနေမျိုး ပေါ်ပေါက်လာမယ်ဆိုရင် တပ်မတော်အနေနဲ့ အဲ့ဒီ အပေါ်မှာ ဘယ်လို သဘောထားပါလဲ။ အဲဒါတွေရော ကြိုပြီးတော့ စဉ်းထားတာမျိုး ရှိပါလားရှင့်။
ဖြေ ။ ဘာမှ ကျွန်တော်တို့ သွားကြိုလုပ်လို့ မရဘူး၊ သူ့ ဥပဒေကရှိပြီးသား၊ ကျွန်တော်တို့ ဒီမိုကရေစီမှာ ဒီမိုကရေစီရဲ့ အလေ့အထကက ဥပဒေအတိုင်းသွားနေတာ၊ ဥပဒေအရပဲ လုပ်ရမှာ၊ ပြည်သူလူထုလက်ခံ ဖို့လိုပါတယ်၊ ဒါကတော့ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ဖြစ်နေကျဟာပါ။

မေး ။ ရွေးကောက်ပွဲ အပြီး အစိုးရအဖွဲ့မှာ ကာချုပ်အနေနဲ့ တပ်မတော်သား နှစ်ဆယ့်ငါးရာခိုင်နှုန်းထဲက ဒုတိယ မ္မတလောင်းကို စဉ်းထားပြီးပြီလားခင်ဗျာ့ တစ်ချို့ကလည်း လက်ရှိသမ္မတကြီးကို တပ်မတော်က တင်မယ်ဆိုပြီး သုံးသပ်ထားပါတယ် အဲ့ဒီ့အချက်ကို ကာချုပ်ရဲ့ အမြင်ကို သိချင်ပါတယ်ခင်ဗျာ့။
ဖြေ ။ ရွေးကောက်ပွဲကော်မရှင်က အကုန်လုံးကြေညာပြီးပြီဆိုမှပဲ ဒါကတော့ စဉ်းစားရမယ်ထင်တယ်၊ လောလောဆယ်ပြောရတာ စောပါတယ်။

မေး ဒီရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် အစိုးရအသစ်ကို အာဏာလွှဲပြောင်းပေးဖို့ တပ်မတော်အနေနဲ့ ဘယ်လို သဘောထားပါလဲ၊ ဘယ်လိုဆောင်ရွက်ထားပါသလဲ။
ဖြေ ။ သူ့ရဲ့ ဥပဒေမှာ ပါပြီးသား ဖွဲ့စည်းအခြေခံဥပဒေမှ ပါပြီးသားရှိတယ်၊ သူ လုပ်ရမယ့် ပရိုစီဂျာအတိုင်းသွားရမှာ မသွားလို့လည်းမရဘူး။ မသွားရင် ဘယ်ဖြစ်မလဲ။

မေး  ယခု ရွေးကောက်ပွဲက ၁၉၉၀ ကဲ့သို့ ဖြစ်လာနိုင်မလားဆိုပြီး ပြည်သူက စိုးရိမ်မှုတွေ ရှိပါတယ်။ အဲ့ဒီ စိုးရိမ်မှုအပေါ်မှာ ကာချုပ်အနေနဲ့ ဘာများ ပြောကြားချင်ပါလဲ
ဖြေ ။ အတိုးဆုံးပြောရင်တော့ မဖြစ်နိုင်ပါဘူး။

မေး ။ နောက်ဆုံးအနေနဲ့ ပြည်သူလူထုကို ကာချုပ်ကြီးက ဘာများ ပြောချင်ပါလဲခင်ဗျာ့။
ဖြေ ။ ပြည်သူလူထုအနေနဲ့ ဒီ ဒီမိုကရေစီရပိုင်ခွင့်အတိုင်းပဲ မှန်မှန်ကန်ကန် အသုံးချပြီးတော့မှ ဒီမိုကရေစီ ကျင့်စဉ်အတိုင်းပဲ သွားစေချင်ပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly