ပုဇွန်တောင်တွင် ပါတီကြီးနှစ်ခုအကြောင်း အငြင်းပွားကာ သွားရောက်တိုင်တန်းသူ အရိုက်ခံရ

ပုဇွန်တောင်တွင် ပါတီကြီးနှစ်ခုအကြောင်း အငြင်းပွားကာ သွားရောက်တိုင်တန်းသူ အရိုက်ခံရ

ရန်ကုန်၊ နိုဝင်ဘာ ၇ ။ ။ပုဇွန်တောင်မြို့နယ် အမှတ် ၆ရပ်ကွက်အတွင်း ကြိုတင်မဲကောက်ခံရာမှ ပြည်ခိုင်ဖြိုး ပါတီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲကချုပ်ပါတီတို့အကြောင်း အငြင်းပွားပြီး NLD ဘက်မှ အငြင်းပွားခဲ့သည့် မသဉ္ဇာလွင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သွားရာက်တိုင်တန်းပြီး အပြင် အရိုက်ခံခဲ့ရသည်ဟု မသဉ္ဇာလွင်က နိုဝင်ဘာ ၇ရက်က မဇ္ဈိမကို ပြောသည်။ 

 

"ညီမကို နင်တို့ပါတီက ဖေ့ဘွတ်မှာမဟုတ်တာတွေရေးတယ်။ နောက်မိသားစု personal(ကိုယ်ရေးကိုယ်တာ) နဲ့ ပတ်သက်ပြီး ပုတ်ခက်လာတယ်။ အဲဒါအမေတို့ကိုပြောပြတော့ အုပ်ချုပ်ရေးမှူးကို သွားတိုင်တာ အပြန်လည်း အုပ်ချုပ်ရေးမှူးပါ ဓမ္မရုံထဲမှာစကားပြောနေတဲ့အချိန်မှာပဲ  ကြံ့ခိုင်းရေးဘက်က စည်းရုံးရေးမှူး ဦးမျိုးညွှန့်က ဝင်ရိုက်တာ"ဟု ၎င်းကပြောသည်။

 

အရိုက်ခံရသူ မသဉ္ဖာလွင်မှာ အနည်းငယ် ပွန်ပဲ့ ထိခိုက်မိ၍ ညီမဖြစ်သူ မစုစုလွင်သည် လက်နှင့်ခေါင်းကို ထိခိုက်သွားသောကြောင့် ဦးနှောက်နှင့်အာရုံကြော ဌာနသို့ ဆေးကုသမှုခံယူနေသည်ဟု မျက်မြင်တွေ့ခဲ့သူ ပုဇွန်တောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့မှ အောင်နိုင်ရေးလှုပ်ရှားမှုအဖွဲ့မှ  ကိုမြင့်မြတ်သူက ပြောသည်။

 

ထိုသို့ဖြစ်ပွားမှုကို ပုဇွန်တောင်မြို့နယ် ရဲစခန်းတွင် နိုဝင်ဘာ ၈ရက်နေ့တွင် အမှုဖွင့်တိုင်ကြားသွားမည်ဟု ၎င်းကပြောသည်။

 

အဆိုပါ ဖြစ်စဉ်ကို ပုဇွန်တောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ ပြည်သူလွှတ်တော် မဲဆန္ဒနယ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင့်လွင်အား မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "မဖြစ်ပါဘူး၊ ကြံခိုင်းရေးနဲ့လည်မဖြစ်ပါဘူး။ ပါတီဝင်က NLD ပါတီဝင်ကို  ဘယ်လို လုပ်ရိုက်ရမှလဲ"ဟုသာ ဖြေကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly