ဒဂုံဆိပ်ကမ်းမြို့နယ်မှာ မဲစာရင်း မပါသူတွေ ရှိနေဆဲ

ဒဂုံဆိပ်ကမ်းမြို့နယ်မှာ မဲစာရင်း မပါသူတွေ ရှိနေဆဲ

ရန်ကုန်၊ နိုဝင်ဘာ ၇ ။ ။ ဒဂုံဆိပ်ကမ်းမြို့နယ်ရဲ့ လူဦးရေ သုံးပုံ နှစ်ပုံခန့်နေတဲ့ ယုဇနဥယျာဉ်မြို့တော်ထဲမှာ မဲစာရင်းမပါသူတွေ ရှာမတွေ့သူတွေ ယနေ့ထိရှိနေပါတယ်။

ရခိုင်အမျိုးသားဖြစ်တဲ့ ဦးဝေထွန်းက 'ကျွန်တော်သုံးကြိမ်လုံးလာရှာတာ လုံးဝမတွေ့ဘူး အခုလည်းမတွေ့ပြန်ဘူး။ ရှာရတာခေါင်းပါမူးတယ်။ ကျွန်တော်တို့က ပုံစံ၆၆ ၊၆ရှိတဲ့သူတွေပါ" လို့ မဇ္ဈိမကိုပြောပါတယ်။

ယင်းယုဇနဥယျာဉ်မြို့တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ မဲစာရင်းရှာရခက်သူတွေကို ကော်မရှင်ကရရှိထားတဲ့ ကွန်ပျူတာမဲစာရင်းကတစ်ဆင့် ကူညီရှာဖွေပေးတယ်လို့ ဒဂုံဆိပ်ကမ်း NLD ပြည်သူ့လွတ်တော် အမတ်လောင်း ဦးကျော်ဝင်းက ဖုန်းကတစ်ဆင့်ပြောကြားပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်မှာ မဲပေးခွင်ရှိသူ ၈၁၀၀၀ကျော်ရှိတယ်လို့လည်းသူကဆိုပါတယ်။

၂၀၁၅ရွေးကောက်ပွဲကတော့ မနက်ဖြန် နိုဝင်ဘာ၈ရက်မှာကျင်းပတော့မှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly