ဘားအံတွင် မဲရုံတွင်း ပါတီလက်ကမ်းစာစောင်ဝေ

ဘားအံတွင် မဲရုံတွင်း ပါတီလက်ကမ်းစာစောင်ဝေ

ဘားအံမြို့ အမှတ် ၁ ရပ်ကွက်ရုံးတွင် နိုဝင်ဘာ ၆ရက် နံနက်က ဆယ်အိမ်မှူး ဦးအေးနိုင်က မဲရုံအတွင်း အမျိုးသားတိုးတက်ရေးပါတီ၏ ဘားအံမဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၏ လက်ကမ်းစာစောင်ကို အခြားသူများအား လက်ဆင့်ကမ်းခဲ့သည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကရင်ပြည်နယ် ဗမာလူမျိုးစု ကိုယ်စားလှယ်လောင်း ဦးဇော်ရဲထက်က ပြောသည်။

ယင်းသို့ ပြုမူသည်ကို မဲရုံအတွင်း ကြိုတင်မဲပေးရန် စောင့်ကြည့်နေသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကရင်ပြည်နယ် ဗမာလူမျိုးစု ကိုယ်စားလှယ် ဦးဇော်ရဲထက်က ရပ်ကျေး ကော်မရှင် ဥက္ကဋ္ဌအား တားမြစ်ပေးရန် တောင်းဆိုခဲ့သည်ကို အပြင်မှာ သွားရှင်းရန် ပြန်လည် တုံ့ပြန်ခံခဲ့ရသည်ဟုလည်း ၎င်းက ပြောသည်။

"ဦးဇော်ရဲထက်မှ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌအား တားမြစ်ပေးရန် ရပ်ကျေးအတွင်းရေးမှူးဖြစ်သူ စာရေးဖြစ်သူအား တားမြစ်ပေးရန် တောင်းဆိုစဉ် မသိဘူး။ အပြင်မှာသွားရှင်းရန် ကိုယ်စားလှယ်လောင်းကိုပါ မဲရုံအတွင်းမှ မောင်းထုတ်ခံခဲ့ရပါသည်"ဟု ဦးဇော်ရဲထက်က မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly