မန္တလေးတွင် မဲဆန္ဒရှင် သက်သေခံလက်မှတ်များ ထပ်နေဟုဆို

မန္တလေးတွင် မဲဆန္ဒရှင် သက်သေခံလက်မှတ်များ ထပ်နေဟုဆို

မန္တလေး၊ နိုဝင်ဘာ ၄ ။         ။ မန္တလေးခရိုင်အတွင်းရှိ အောင်မြေသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် မဲဆန္ဒရှင်သက်သေခံလက်မှတ်များ ထပ်နေသေည်ဟု အောက်တိုဘာလ ၄ ရက်တွင် မဲဆန္ဒရှင် သက်သေခံ လက်မှတ် ထပ်နေသော မိသားစုဝင်ထဲမှ တစ်ဦးဖြစ်သူ ဦးစည်သူက မဇ္ဈိမ ကိုပြောသည်။

"ကျွန်တော်တို့အိမ်ထောင်စုစာရင်းက အောင်မြေသာစံမြို့နယ်ထဲက ဒေါနဘွားရပ်ကွက်ထဲမှာပါ။ ဒီနေ့သက်သေခံ လက်မှတ် ဒေါနဘွားရုံးကို သွားထုတ်ခဲ့တယ်။ မထင်မှတ်ဘဲ ဆိုရှယ်မီဒီယာမှာ ပုသိမ်ကြီးမှာ မဲစာရင်းတွေထပ်နေတယ်ဆိုလို့ သွားကြည့်တော့ ကျွန်တော်တို့မိသားစုဝင်အားလုံး အဲဒီမှာထပ်ပါနေတယ်။"ဟု ကိုစည်သူက ပြောသည်။

ထိုသို့မဲဆန္ဒရှင် သက်သေခံလက်မှတ်ထပ်တူပါနေခြင်းမှာ အိမ်ထောင်စု ၂၀ ကျော်လောက်ရှိနေသည်ဟု ကိုစည်သူကဆိုသည်။ "ကျွန်တော်သိသလောက်ကြည့်ထားတာပါ။ ကျန်တဲ့သူတွေလည်း ရှိနေဦးမှာပါ။"ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုသို့မဲဆန္ဒရှင်သက်သေခံ လက်မှတ်များထပ်နေခြင်းမှာ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ရပ်ကွက်၊ ကုန်းတန်းလေးကျေးရွာတွင် ဖြစ်ပွားလျက်ရှိသည်။

အဆိုပါကုန်းတန်းလေးကျေးရွာတွင် နေထိုင်သူအများစုမှာ ၂၀၁၂ ခုနှစ်ခန့်မှစတင်၍ အောင်မြေသာစံမြို့နယ်၊ဒေါနဘွားရပ်ကွက် မှ ပြောင်းရွှေ့နေထိုင်ကြသူအများစုဖြစ်သည်ဟု အဆိုပါရပ်ကွက်တွင်နေထိုင်သူ ဦးစိုးသိန်း ကဆိုသည်။

"ကုန်းတန်းက ဒေါနဘွားက ပြောင်းလာတာများတယ်။ အောင်မြေသာစံမြို့နယ်ထဲကပေါ့ဗျာ။ အဲဒီမှာပဲ အိမ်ထောင်စုရှိကြတယ်။ဒီပုသိမ်ကြီးကုန်းတန်းမှာ သူတို့အိမ်ထောင်စု စာရင်းမရှိကြဘူး။ ဧည့်စာရင်းနဲ့နေကြတာများတယ်။ ကျွန်တော်သိသလောက်ပြောတာနော်။ သူတို့က အရင်သူတို့နေခဲ့တဲ့ဆီမှာပဲ မဲစာရင်ကြည့်တယ်ပါတယ်။ သက်သေခံထုတ်ရတယ်။ ဒါပေမယ့် သူတို့ဟာတွေက ပုသိမ်ကြီးထဲမှာလည်းပါနေတယ်။ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာတော့ ကျွန်တော်လည်းမသိဘူး။"ဟု ဦးစိုးသိန်းက ဆိုသည်။

ထိုသို့ မဲသက်သေခံလက်မှတ်များ နှစ်မြို့နယ်တွင် ပါဝင်နေခြင်းနှင့်ပတ်သက်၍ အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက် NLD ဥက္ကဋ္ဌ ဦးကိုလေးက "ကျွန်တော်တို့ပါတီအနေနဲ့က ဒါပယ်ဖျက်ပေးပါ လို့တော့ ပြောလို့မရဘူး။ ကော်မရှင်ကိုတင်ပြမယ်။ ပြီတော့   မဲဆန္ဒရှင်ကိုယ်တိုင် ဘယ်မှာထည့်ချင်လဲ။ သူတို့ထည့်ချင်တဲ့ မဲဆန္ဒနယ်တစ်ခုကို ထည့်ခွင့်ရအောင် လုပ်ရပါမယ်။ဒါက အန္တရာယ်များတယ်။ ဒီမဲထပ်နေတာကို အဲဒီမြို့နယ်တွေ ကြည့်ရပါမယ်။ဒီနေ့ လုပ်ဖြစ်ဖို့များပါတယ်။"ဟု ပြောသည်။

ထိုသို့မဲဆန္ဒရှင်သက်သေခံကဒ်များထပ်ခြင်းနှင့် ပတ်သက်၍ ခရိုင်ကော်မရှင်မှ တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုမှု မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly