သမ္မတ ဦးသိန်းစိန် ဆန္ဒမဲပေးခွင့်လက်မှတ် ထုတ်ယူပြီ ဇေယျသိဒ္ဓိရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးမည်

သမ္မတ ဦးသိန်းစိန် ဆန္ဒမဲပေးခွင့်လက်မှတ် ထုတ်ယူပြီ ဇေယျသိဒ္ဓိရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးမည်

နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် မိသားစုဝင်များသည် နိုဝင်ဘာလ(၈)ရက်တွင် မဲပေးရန် မဲဆန္ဒရှင် သက်သေခံလက်မှတ်များကို သမ္မတရုံးမှ ဝန်ထမ်းနှစ်ဦးက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ယူသွားပြီဖြစ်သည်။

မဲဆန္ဒရှင် သက်သေခံလက်မှတ်ထုတ်ယူမှုတွင် သမ္မတဦးသိန်းစိန်၏ မဲစာရင်းအမှတ်စဉ်သည် (၃၅၅) ဖြစ်ပြီး ၎င်း၏ ဇနီးဒေါ်ခင်ခင်ဝင်၏ မဲစာရင်းအမှတ် စဉ်မှာ (၃၅၀)ဖြစ်သည်။ နိုဝင်ဘာလ(၈)ရက် ရွေးကောက် ပွဲနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက် မဲရုံအမှတ်(၁)တွင် ဆန္ဒမဲပေး မည်ဖြစ်သည်။                                                                              

ဇမ္မူသီရိမြို့နယ်သည် ဝန်ထမ်းအများစုနေပြီး ယင်းမြို့အနယ်အတွင်း ရွေးကောက်ပွဲနေ့တွင် မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)ဟူ၍ မဲရုံနှစ်ရုံ ဖွင့်လှစ် သွားမည်ဖြစ်သည်။ သမ္မတနှင့်ဇနီးတို့၏ မဲဆန္ဒလက်မှတ်များပြင် သမ္မတရုံး အဖွဲ့ဝင်(၉၅)ဦးတို့၏ မဲဆန္ဒရှင် သက်သေခံလက် မှတ်များကို ဇေယျာသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် သမ္မတရုံးမှ ဝန်ထမ်း(၂)ဦးမှ မဲဆန္ဒရှင် များ၏ တိုက်ဆိုင် စစ်ဆေး၍ သက်သေခံ လက်မှတ်များ ထုတ်နေသည်ကို တွေ့မြင်ရသည်။                               

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဥပဒေနှင့် အညီ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများအား ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန် မဲဆန္ဒရှင် သက်သေခံ လက်မှတ် များကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ၇ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွင် ထုတ်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။     

မဲဆန္ဒရှင်သက်သေခံလက်မှတ် ထုတ်ယူခြင်းသည် (က) မဲစာရင်းပါကြောင်းနှင့် မဲပေးခွင့်ရရှိကြောင်း သေချာခိုင်လုံစေ ခြင်း (ခ) မည်သည့်မဲရုံတွင် မဲပေးရမည်ဖြစ်ကြောင်း သိရှိစေခြင်း၊(ဂ) မဲစာရင်းအမှတ်စဉ် ဖော်ပြထားသဖြင့် မဲစာရင်းစိစစ် လက်မှတ်ရေးထိုး ရာတွင် လည်းကောင်း၊ မဲလက်မှတ်ထုတ်ယူရာ တွင်လည်းကောင်း လွယ်ကူမြန်ဆန်စေခြင်း၊ (ဃ) စိစစ်ချိန်တွင် မှတ်ပုံတင်အစား ဤလက်မှတ်ဖြင့် အထောက် အထားပြသနိုင်ခြင်း(င) မဲစာရင်းမှန်ကန်ရေး အထောက်အကူဖြစ်စေခြင်း ရွေကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly