မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဝရုန်းသုံးကားဖြစ်သွားနိုင်ကြောင်း ကုလလူ့အခွင့်အရေး ကျွမ်းကျင်သူသတိပေး

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဝရုန်းသုံးကားဖြစ်သွားနိုင်ကြောင်း ကုလလူ့အခွင့်အရေး ကျွမ်းကျင်သူသတိပေး

ကုလသမဂ္ဂ၊နယူးယောက်၊ အောက်တိုဘာ ၃၀ ။         ။ လာမည့်သီတင်းပတ်တွင် ကျင်းမမည့် သမိုင်းဝင်ရွေးကောက်ပွဲများ ယုံကြည်လောက်သော မဲပေးမှုတစ်ခုအတွက် မျှော်လင့်ထားသည့် အခြေအနေများဖြစ်မလာပါက မြန်မာနိုင်ငံတွင် ဝရုန်းသုံးကားအခြေအနေများဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူတစ်ဦးက အောက်တိုဘာ ၂၉ တွင် သတိပေးလိုက်သည်။

မြန်မာနိုင်ငံက စစ်အုပ်ချုပ်ရေးမှ ရှောင်ခွာလာစဉ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲများက ဆယ်စုနှစ်များစွာအတွင်း အလွတ်လပ်ဆုံးနှင့် အမျှတဆုံးဖြစ်မည်ဟု ရှုမြင်ထားသည်။

သို့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလ၏ အထူးကိုယ်စားလှယ် ယန်ဟီလီးက စိုးရိမ်စရာများစွာကို တင်ပြခဲ့သည်။ ကိုယ်စားလှယ်လောင်းဒါဇင်ပေါင်းများစွာ အရည်အချင်းမပြည့်မီဟုဆိုကာ အပယ်ခံရခြင်း၊ ယခင်က ရွေးကောက်ပွဲများတွင် မဲပေးခဲ့သူထောင်ပေါင်းများစွာ မဲပေးခွင့် ပယ်ဖျက်ခံရခြင်းနှင့် လွတ်လပ်စွာစုဝေးခွင့်များလည်း တားဆီးခံခဲ့ရသည့်အပြင် ခြိမ်းခြောက်မှုများလည်း ကျယ်ပြန့်စွာရှိနေသည်ဟု လီကဆိုသည်။

ရွေးကောက်ပွဲရလဒ်များမှာ ယုံကြည်လောက်၍ တရာဝင်ဖြစ်ကြောင်း ကျယ်ပြန့်စွာ လက်ခံခြင်းမရှိပါက ရွေးကောက်ပွဲလွန်ကာလနှင့် သမ္မတသစ်ခန့်အပ်ရေးနှင့် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းရေးအကြို ကာလတို့တွင် မတည်ငြိမ်မှုနှင့် တင်းမာမှုများရှိလာနိုင်သည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ကိုယ်စားလှယ်လောင်း ၅၀မှာ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခွင့် ပယ်ဖျက်ခံရပြီး ၎င်းတို့အနက်အများအပြားမှာ တည်ငြိမ်မှုမရှိသည့် ရခိုင်ပြည်နယ်မှ ဖြစ်သည်ဟု တောင်ကိုရီးယားတက္ကသိုလ်တစ်ခုမှ ပါမောက္ခနှင့် လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်သူ လီကပြောသည်။

ယင်းကိုယ်စားလှယ်များယှဉ်ပြိုင်ခွင့် ပယ်ဖျက်ခံရခြင်းမှာ နိုင်ငံခြားသားများဖြစ်ခြင်း သို့မဟုတ် ၎င်းတို့၏မိဘများမှာ နိုင်ငံခြားသားပတ်စ်ပို့များကိုင်ဆောင်ထားသူများဖြစ်သည်ဟု ထုတ်ပြန်ခဲ့ရာ ရခိုင်ပြည်နယ်တွင် တင်းမာမှုများဖြစ်ပေါ်စေခဲ့သည်။ ပဋိပက္ခနှင့် ထောက်ပို့ပြသနာကြီးမားစွာဖြစ်ပေါ်စေခဲ့သော မကြာသေးမီက ရေကြီးရေလျှံမှုများကြောင့် တရုတ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်များတွင် ရွေးကောက်ပွဲများ ပြုလုပ်မည်မဟုတ်ပေ။

ရွေးကောက်ပွဲများ ယုံကြည်နိုင်သည့် အနေအထားဖြစ်စေရန် သော့ချက်အဖြစ် နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူများရှိနေသည်ဟုလည်း ၎င်းကပြောသည်။ "မြန်မာပြည်သူတွေ အားလုံးက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိတ်လှုပ်ရှားနေကြပါတယ်။ ဒါက တကယ့် သမိုင်းဝင်ကာလတစ်ခုပါ"ဟု လီကပြောသည်။ "ဒါပေမဲ့ ကံမကောင်းချင်တော့ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ အများအပြားကတော့ ပါဝင်မှာမဟုတ်ပါဘူး"ဟု၎င်းကဆိုသည်။

ယခုသီတင်းပတ်တွင် လီသည် ၎င်း၏ နှစ်ပတ်လည်အစီရင်ခံစာကို ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်ပြခဲ့ပြီး ဒီမိုကရေစီအုပ်ချုပ်ရေးသို့ ဦးတည်ရာတွင် မြန်မာနိုင်ငံတွင် နောက်ထပ် တိုးတက်မှုများ ရှိစေရန် တောင်းဆိုသော ဆုံးဖြတ်ချက်ချမှတ်ရန် ညီလာခံက စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly