မဲဆွယ်စည်းရုံးမှုပြုလုပ်ရာတွင် မီဒီယာနှင့် အိုင်တီနည်းပညာအသုံးပြုမှုနည်းပါး

မဲဆွယ်စည်းရုံးမှုပြုလုပ်ရာတွင် မီဒီယာနှင့် အိုင်တီနည်းပညာအသုံးပြုမှုနည်းပါး

ရန်ကုန်၊ အောက်တိုဘာ ၂၇ ။ ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးမှုပြုလုပ်ရာတွင် မီဒီယာနှင့် အိုင်တီနည်းပညာ အသုံးပြမှုနည်းပါးကြောင်း ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့ တစ်ခုဖြစ်သော ပြည်သူများပူးပေါင်းမှုအဖွဲ့ (PACE) တို့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

အီးမေးလ်၊ SMS နှင့် တယ်လီဖုန်းစသည့်ဆက်သွယ်ရေး နည်းပညာများကို အသုံးပြုခြင်း၍ မဲဆွယ်စည်းရုံးခြင်းမှာ တစ်ရာခိုင်နှုန်း၊ မီဒီယာတွေ့ဆုံမေးမြန်းမှုမှာ တစ်ရာခိုင်နှုန်းနှင့် အခကြေးငွေပေး၍ ကြေညာမှုများ တစ်ရာခိုင်နှုန်းအောက်သာ ရှိသည်ကို ထုတ်ပြန်ချက် တွင်ဖော်ပြပါရှိသည်။

မဲဆွယ်ရာတွင် အများဆုံး အသုံးပြုကြသည့် ပုံစံများမှာ တရားဝင်ပုံနှိပ်ထားသည့် စာရွက်စာတမ်းများကို ဖြန့်ဝေခြင်း၂၇ ရာခိုင်နှုန်း၊ ပိုစတာများချိတ်ဆွဲခြင်းမှာ၂၂ ရာခိုင်နှုန်း၊ လူထုဟောပြောပွဲများ ပြုလုပ်ခြင်းမှာ၂၂ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း စီတန်းလှည့်လည်ခြင်း၊ အသံချဲ့စက် အသုံးပြုခြင်းမှာ ၁၁ရာခိုင်နှုန်းနှင့် အိမ်တိုင်ရာရောက် သွားရောက်၍ မဲဆွယ်ခြင်း ၉ရာခိုင်နှုန်း တွေ့ရပြီး ဒုတိယအများဆုံးပုံစံများဖြစ်ကြောင်း PACE အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

“အသုံးနည်းနေသေးတာက လက်ရှိခေတ်စားနေတဲ့ အိုင်တီနည်းပညာဆိုတဲ့ ကျွန်တော်တို့ sms တွေ၊ အီးမေးလ်(E-mail) တွေ တယ်လီဖုန်းတွေနဲ့ဖုန်းဆက် ပြီးတော့မဲဆွယ်မှုတွေ အသုံးနည်းနေသေးတယ် အဲဒါလေးတော့ ကျွန်တော်တွေ့နေရတယ်” ဟု ပြည်သူများပူးပေါင်းမှုအဖွဲ့(PACE)၏ ဒါရိုက်တာစိုင်းရဲကျော်စွာမြင့်က အောက်တိုဘာ ၂၇ ရက၊် Park Royal Hotel ၌် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါထုတ်ပြန်ချက်ကို စက်တင်ဘာ ၈ရက်မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် မြို့နယ်ပေါင်း ၁၂၉မြို့နယ်တွင် ကာလရှည်စောင့်ကြည့်လေ့လာသူ ၁၂၉ယောက်ကို အသုံးပြုကာ စောင့်ကြည့်လေ့လာခဲ့ခြင်းဖြစ်ပြီး ကိုယ်စားလှယ်လောင်း တွေ့ဆုံမေးမြန်းမှု စုစုပေါင်း ၂၆၆၂ကြိမ် ပြုလုပ်ပြီး မဲဆွယ်ဟောပြောမှုစုစုပေါင်း ၁၆၀၇ ခုကို စောင့်ကြည့်လေ့လာ၍ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ပြည်သူများပူးပေါင်းမှုအဖွဲ့(PACE) ရဲ့ဒါရိုက်တာစိုင်းရဲကျော်စွာမြင့် ကပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags