မဲပေးနိုင်ခွင့်ရှိသူစာရင်းကို နိုဝင်ဘာလအတွင်း နှစ်ကြိမ်ထပ်ကပ်ပေးမည်

မဲပေးနိုင်ခွင့်ရှိသူစာရင်းကို နိုဝင်ဘာလအတွင်း နှစ်ကြိမ်ထပ်ကပ်ပေးမည်

နေပြည်တော်၊ အောက်တိုဘာ ၂၇ ။ ။ မဲပေးနိုင်ခွင့်ရှိသူများစာရင်းကို နိုဝင်ဘာ ၂ရက်တွင် သက်ဆိုင်ရာမြို့နယ် ရပ်ကွပ်ကော်မရှင်များ အလိုက် မဲစာရင်းကပ်ပေးမည်ဖြစ်ပြီး ထိုစာရင်းကို နိုဝင်ဘာ ၆ရက် နှင့် ၇ရက်များတွင် သက်ဆိုင်ရာမဲရုံများတွင် ထပ်မံကပ်ထားပေးမည်ဟု ပြည်ထောင်စုရွေကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ယနေ့ (အောက်တိုဘာ ၂၇ရက်)က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစားရှင်းလင်းပွဲ၌ ပြောကြားသည်။

“မဲပေးနိုင်ခွင့်ရှိသူစာရင်းကတော့ ကျွန်တော်တို့ ၂ရက်နေ့ကနေစပြီးတော့ သက်ဆိုင်ရာ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးမှာ မဲရုံအလိုက်မဲစားရင်း ထပ်ကပ်ပေးမယ်"ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုရွေေးကာက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲနေ့အတွက် မဲပေးမည့် မဲဆန္ဒရှင်စာရင်းကို လက်ရှိအချိန်တွင် အတိအကျမပြောနိုင်သေးကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောသည်။

"ဘာကြောင့်အတိအကျမပြောနိုင်လဲဆိုတာ ကျွန်တော်တို့က ပထမအကြိမ်မဲစာရင်း ၁၄ရက်ကနေ ၂၇ရက်အထိ ကြေညာခဲ့လိုက်တာရှိတယ်။ အဲ့ဒီမှာ ဘာတွေတိုးလာမလဲဆိုတော့ ကျန်ခဲ့တဲ့သူ တွေက ပုံစံ(၃)ထပ်လျောက်တာတွေရှိတယ်၊နောက်တစ်ခါကျွန်တော်တို့ တစ်ခြားမဲဆန္ဒနယ်ကနေပြီးတော့ ပြောင်းလာတွေ ရှိတယ်၊ အဲ့ဒါကိုပုံစံ (၃-က)ကြီးနဲ့ လက်ခံထားတွေရှိတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ကြောင့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများမှ ပုံစံ(၃)နှင့် လျေက်ထားသူများစာရင်း၊ ပုံစံ(၃-က)ကြီးနှင့် လျောက်ထားသူများ စာရင်းတို့ကို ပြန်လည်၍ ရိုက်နှိပ်နေပြီဟုလည်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags