ရွေးကောက်ပွဲအပြီး တစ်ရက်ကြာမှ ရလဒ် ထုတ်ပြန်နိုင်မည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးပြော

ရွေးကောက်ပွဲအပြီး တစ်ရက်ကြာမှ ရလဒ် ထုတ်ပြန်နိုင်မည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးပြော

လမ်းပန်း ဆက်သွယ်ရေး အခက်အခဲရှိသည့်အပေါ်မှုတည်၍ ရွေးကောက်ပွဲအပြီး နောက်တစ်နေ့တွင် ရွေးကောက်ပွဲ ရလာဒ်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကြေညာနိုင်ဖို့ရှိကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောကြားသည်။

“ ကျွန်တော်တို့က အဲ့ရလာဒ်တွေကတော့ မြို့နယ်မှာ ထွက်ပေမယ့်လည်း မြို့နယ်က မကြေညာပါဘူး၊ ခရိုင်ကို ကျွန်တော်တို့ တက်ရပါမယ်၊ ပြီးရင် တိုင်းကိုတက်ရပါမယ်၊ တိုင်းမှာ သေချာစစ်ဆေးပြီးမှ တိုင်းနှင့်ပြည် နယ်ကပဲ ရလာဒ် ထုတ်ပါမယ်၊ ပြီးရင် ရလာဒ် ကို  ကျွန်တော်တို့စီ ယူ အီး စီကို ပို့ပါမယ်၊ ယူ အီး စီ ကအတည်ပြု ထပ်ပြီးတော့ ရလာဒ်ထုတ်ပေးပါမယ်၊ အဲ့တွက်ကြောင့် ကျွန်တော်တို့က လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိတဲ့အပေါ်မှုတည်ပြီးတော့ ရွေးကော်ပွဲအပြီး နောက်တစ်နေ့မှာ ရလာဒ်တွေ ထွက်လာနိုင်ဖို့ ကြေညာနိုင်ဖို့လဲ ရှိ ပါတယ်”ဟု နေပြည်တော်ရှိ Kempinski ဟိုတယ်တွင် နိုင်ငံခြားသံရုံးများ၊ ရွေးကောက်ပွဲ လေ့လာစောင့် ကြည့်သူများနှင့် တွေ့ဆုံပွဲတွင် သံအမတ်တစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားရာ ၌ပြောသွားခဲ့ခြင်းဖြစ်သည်။                               

ရွေးကောက်ပွဲအပြီး ရလာဒ်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်နိုင်ရန် စီစဉ်ဆောင်ရွက် ထားရှိကြောင်းနှင့် ညနေ(၄)နာရီတွင် ဆန္ဒမဲလက်မှတ်များ ရေတွက်မည်ဖြစ်ပြီး ရလာဒ်မထွက်သေးကြောင်း၊ သက်ဆိုင်ရာရွေး ကောက်ပွဲ စောင့်ကြည့် လေ့သူများနှင့် အဖွဲ့အစည်းများသည် သက်ဆိုင်ရာမြို့နယ်  မဲရုံများ၏ စာရင်းကိုကြည့်၍ ရလာဒ်စားရင်းကို အကြမ်းဖြင့်ရနိုင်ကြောင်းနှင့် သို့သော် အတည်ပြုစာရင်း မထုတ် ကြောင်း အတည်ပြုစာရင်း မှာ တိုင်းကို တက်လာမည်ဖြစ်ကြောင်း၊ တိုင်း သို့မဟုတ် ပြည်နယ်ကသာလျင် အတည်ပြု မဲစာရင်း ထုတ်မည်ဖြစ်ကြောင်း နိုင်ငံခြားသံအမတ်တစ်ဦးက မေးမြန်းရာတွင် ဖြေကြားခဲ့သည်။                                                                       

နိုင်ငံခြားသံရုံးများမှ သံအမတ်များ၊ ပြည်တွင်း၊ ပြည်တွင်း၊ ပြည်ပမှ ရွေကောက်ပွဲ လေ့လာစောင့်ကြည့်မည့် သူများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌနှင့် တွေ့ဆုံပွဲကို အောက်တိုက်ဘာလ (၂၃)ရက်နေ့တွင် နေပြည်တော်ရှိ Kempinski ဟိုတယ်တွင် တွေ့ဆုံခဲ့ကြသည်။                                                                               

အဆိုပါ တွေ့ဆုံပွဲတွင် သံအမတ်များနှင့် ပြည်တွင်းပြည်ပမှ ရွေကောက်ပွဲ လေ့စောင့်ကြည့်သူများက ၎င်းတို့ သိရှိသော အချက်များကို ကော်မရှင်ဥက္ကဌကို မေးမြန်းကြသည်။ တွေ့ဆုံပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်လည်း တက်ရောက်ခဲ့သည်။

ယနေ့အထိ ပြည်ထောင်စုရွေကောက်ပွဲကော်မရှင် လေ့ဆောင့်ကြမည့်သူများကို သက်သေခံကဒ်ပြား ထုတ် ပေးမှုစားရင်းအရ ရွေကောက်ပွဲနေ့တွင် နိုင်ငံ(၁၁)နိုင်ငံမှ လေ့ဆောင့်ကြည့်သူ (၂၂၀)ဦးတို့လေ့လာ စေကြည့် မည်ဖြစ် ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly