NLD ပါတီဝင်များ နေပြည်တော်တွင် မဲဆွယ်စည်းရုံးစဉ် တိုက်ခိုက်ခံရ

NLD ပါတီဝင်များ နေပြည်တော်တွင် မဲဆွယ်စည်းရုံးစဉ် တိုက်ခိုက်ခံရ

နေပြည်တော်၊ အောက်တိုဘာ ၁၈။ ။ နေပြည်တော်တွင် NLD မှ အမတ်လောင်းများနှင့် အောင်နိုင်ရေးအဖွဲ့များ မဲဆွယ်စည်းရုံးစဉ် တိုက်ခိုက်ခံရ၍ လူသုံးဦးကို နေပြည်တော် ဒက္ခိဏခရိုင် ကုတင်(၅၀)ဆေးရုံတွင် ကုသခဲ့ရပြီး တိုက်ခိုက်သူများကို ဒက္ခိဏသီရိရဲစခန်းတွင် သွားရောက်အမှုဖွင့်ထားသည်ဟု ဒက္ခိဏသီရိမြို့နယ်မှ အမျိုးသားလွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးကျော်မြင့်ဦးက ပြောသည်။

နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်မြင်ကျေးရွာအုပ်စု၊ ဇီးဖြူကုန်း ကျေးရွာ၌ အောက်တိုဘာလ ၁၇ ရက် ညနေပိုင်းအချိန်က မဲဆွယ်စည်းရုံးနေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး မှာ အသေးစားနာကျင်ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။ ၎င်းတို့သုံးဦးအနက် နှစ်ဦးကို ဆိုင်ကယ်ဖြင့် တိုက်ခြင်းဖြစ်ပြီး တစ်ဦးကိုမူ လောက်စလုံးဖြင့် ပစ်ခြင်းဖြစ်သည်ဟု ဆိုသည်။ အမျိုးသမီးတစ်ဦးမှာ ဘယ်လက်မောင်း ရောင်ရမ်းနေသည်ကို တွေ့မြင်ရသည်။

အောက်တိုဘာ ၁၇ရက် ညနေက အဆိုပါကျေးရွာတွင် NLDက မဲဆွယ်ရာ၌ ထမင်းတစ်နပ်လျော့မစားရအောင် ဆိုသည့် အသုံးအနှုန်းထည့်သွင်းကာ မဲဆွယ်ပြီးနောက် ယင်းသို့ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

မဲဆွယ်စည်းရုံးရာတွင် ဒက္ခိဏသိရိမြို့နယ် NLDမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်
ထွန်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်လောင်း ဦးကျော်မြင့် ဦး နှင့် အောင်နိုင်းရေး
အဖွဲ့ဝင်များ ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags