ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းသမားအချို့ မှတ်ပုံတင်သော်လည်း မဲပေးခွင့်မရခဲ့ဟုဆို

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းသမားအချို့ မှတ်ပုံတင်သော်လည်း မဲပေးခွင့်မရခဲ့ဟုဆို

ဘန်ကောက်၊ အောက်တိုဘာ ၁၅ ။ ။ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဒသမ ၅ သန်းမှ ၃ သန်းအကြားရှိသော ထိုင်းနိုင်ငံတွင် မဲပေးရန် မြို့တော်ဘန်ကောက်သံရုံး၌စာရင်းပေးထားသူ ၃၀၀၀ ခန့်သာရှိသည့်အနက်မှ အချို့သည် အောက်တိုဘာ ၁၇ ရက်က မဲပေးခွင့်မရခဲ့ကြောင်း သိရသည်။

စာရင်းပေးထားပြီးသူများက ၎င်းတို့အနေဖြင့် မဲပေးခွင့်ရမည်ဟု ယုံကြည်ချက်ဖြင့် သံရုံးရှေ့သို့လာခဲ့သော်လည်း ၎င်းတို့၏အမည်များ ပါမလာခဲ့ဟု ဆိုသည်။

နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်ပေးထားခဲ့သည့် သံရုံးရှိမဲရုံသို့ မဲပေးမည့်သူများလာရောက်ခဲ့သော်လည်း မဲပေးခွင့်မရသူများတွင် ကရင်ပြည်နယ်မှ ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေသူ အသက် ၂၉ နှစ်အရွယ် ရီဂန်ချစ်လည်း ပါဝင်ခဲ့သည်။

“မဲပေးဖို့ စာရင်းထဲမှာ ကျွန်တော့်နာမည်ကပ်ထားတာတွေ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်နေခဲ့တဲ့ မြောက်ဒဂုံမဲဆန္ဒနယ်က ပို့လိုက်တဲ့ မဲစာရင်းမှာ ကျွန်တော့နာမည်ပါမလာဘူးဆိုလို့ ကျွန်တော်မဲပေးခွင့်မရခဲ့ပါဘူး” ဟု ပြောကြားသည်။

“ကျွန်တော့်အတွက် ဒါဟာ ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးခွင့်ရခြင်းပါ။ ကျွန်တော့်နိုင်ငံက အပြောင်းအလဲအတွက် ကျွန်တော်ပါဝင်ဆောင်ရွက်ခွင့်ရချင်ပါတယ်” ဟု ပြောကြားသည်။

Ref: The Nation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly