ဦးဖြိုးဇေယျာသော်၏ မဲဆွယ်စည်းရုံးမှု တားမြစ်ခံရ

ဦးဖြိုးဇေယျာသော်၏ မဲဆွယ်စည်းရုံးမှု တားမြစ်ခံရ

အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) အမတ်လောင်း ဦးဖြိုးဇေယျာသော်၏ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပညာသိဒ္ဓရပ်ကွက်ရှိ ခရေအိမ်ရာ ဝန်ထမ်းလိုင်းခန်းတွင် မဲဆွယ်မှုကို အောက်တိုဘာ ၁၇ရက် နံနက် ၁၁နာရီက ဒေသအာဏာပိုင်များက လာရောက်တားမြစ်နေပြီဟု ဦးဖြိုးဇေယျာသော်၏ စည်းရုံးရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

လာရောက်တားမြစ်သည့် အမျိုးသားစီမံကိန်းဦးစီးဌာနက အမြဲတမ်း အတွင်းဝန် ဦးထွန်းထွန်းနိုင်က တားမြစ်ခြင်းဖြစ် နေပြည်တော်ကောင်စီနယ်မြေက စာထုတ်ထားတာရှိသည့်အတွက် စာပါမပါ မေးမြန်းခြင်းသာဖြစ်ပြီး တားမြစ်ခြင်းမျိုးမဟုတ်ကြောင်း မီဒီယာများကို ပြောသည်။

ဦးဖြိုးဇေယျာသော်၏ မဲဆွယ်စည်းရုံးသည့် လုပ်ငန်းစဉ်လည်း ဆက်လက် လုပ်ဆောင်နေပြီဖြစ်သည်။

နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများတွင် ပါတီများ မဲမဆွယ်ရန် အောက်တိုဘာ ၁၅ရက်က နေပြည်တော်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက ညွှန်ကြားထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly