ရွေးကောက်ပွဲအတွက် လုံခြံုရေး မရှိဟု ပြောသည့်NLD ပါတီဝင် အမှုဖွင့်ခံရ

ရွေးကောက်ပွဲအတွက် လုံခြံုရေး မရှိဟု ပြောသည့်NLD ပါတီဝင် အမှုဖွင့်ခံရ

ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံး ဟောပြောစဉ် လုံခြုံရေး မရှိကြောင်း ပြောပြီး စကားများ ရန်ဖြစ်ကြရာမှ စစ်ကိုင်းတိုင်း ကလေးခရိုင် NLD ပါတီ အလုပ် အမှုဆောင်တစ်ဦး အမှုဖွင့် ခံခဲ့ရမှု မင်းကင်း မြို့နယ်တွင် ယခုလ ၁၃ ရက်က  ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ရဲမှတ်တမ်းတွင် ဖေါ်ပြသည်။

အောက်တိုဘာ ၉ ရက်နေ့က မင်းကင်းမြို့နယ်၊ ကျောက်ခဲတက် ကျေးရွာနေ ဦးမျိုးတင့် ဆိုသူသည် ဇနီး၊ ယောက်ဖ၊ အိမ်နီးချင်း တို့နှင့် အတူရှိနေစဉ် ကလေးခရိုင် NLD ပါတီ အလုပ်အမှုဆောင် ဦးငြိမ်းမောင် ဆိုသူ ရောက်ရှိလာပြီး စကားများရန်ဖြစ်ကြကြောင်း မှုခင်းမှတ်တမ်းတွင် ဖေါ်ပြသည်။

ကလေးခရိုင် NLD  ပါတီ အလုပ်မှုဆောင် ဦးငြိမ်းမောင်နှင့် ဦးစိန်မောင်တို့ နေအိမ်ခြံဝန်းသို့ ရောက်ရှိလာပြီး အောက်တိုဘာ ၉ ရက်နေ့ NLD ပါတီမှ ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံး ဟောပြောစဉ် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် လုံခြုံရေး မရှိကြောင်း စသဖြင့် ပြောဆိုခဲ့ကြောင်း တရားလို ဦးမျိုးတင့် ရဲစစ်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ပြောကြားမှုကို ဦးမျိုးတင့်မှ မကျေနပ်သဖြင့် အပြန်အလှန် စကားများရန်ဖြစ်နေစဉ် တစ်ရွာတည်းနေ ဦးစန်းဌေး ရောက်ရှိလာခဲ့ပြီး ဦးငြိမ်းမောင်နှင့် စိန်မောင်တို့ကို ဖြန်ဖြေပေးခဲ့ကြောင်းလည်း ရဲမှတ်တမ်းတွင် ဖေါ်ပြသည်။

ထို့ကြောင့် ဦးမျိုးတင့် ဆိုသူမှ နေအိမ်ခြံဝန်းအတွင်း လာရောက်ခဲ့သူ ဦးငြိမ်းမောင်နှင့် ဦးစိန်မောင် တို့(၂)ဦးကို အရေးယူပေးပါရန် တရားလိုပြု တိုင်တန်းသဖြင့် မောက္ကတော်နယ်မြေ ရဲစခန်း(ပ)၆၉/၂၀၁၅၊  ပြစ်မှုပုဒ်မ ၄၅၁/၁၁၄ အရ အမှုဖွင့် ဆောင်ရွက်လျှက်ရှိသည်ဟု တိုင်းရဲတပ်ဖွ့ဲမှူးရုံး မှတ်တမ်းတွင် ဖေါ်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly