အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်အပါအမျိုးသား ၃ဦးကို တရားခံပြေး အဖြင့်သတ်မှတ်

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်အပါအမျိုးသား ၃ဦးကို တရားခံပြေး အဖြင့်သတ်မှတ်

ရန်ကုန်၊ မေလ ၃၁ ။          ။ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် အပါအဝင် အမျိုးသား ၃ဦးကို တရားခံပြေး အဖြစ် သတ်မှတ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏လူမူကွန်ယက်စာမျက်နှာပေါ်တွင် မေလ ၃၁ ရက်နေ့ ညနေ ၆နာရီ ဝန်းကျင်က ထုတ်ပြန်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့မရဲစခန်းမှ (ပ)၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)/ကျင့် ၅၁၂ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးများဖြစ်သည့် စိုးထွန်းရှိန်(၄၇)နှစ်၊ (ဖ)ဦးကြည်ရှိန်၊ အမှတ် (၄၂/B) ၊(၉)မိုင်၊ မစိုးရိမ်လမ်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂၁/၂၃)၊ ဓမ္မာရုံလမ်း၊ ကန်တော်လေး (တောင်) ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ်(၁၀၆)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ညီညီလွင်(၄၅)နှစ်၊ (ဖ)ဦးအုန်းလွင်၊ အနောက်မြောက် ရပ်ကွက်၊ ကြို့ပင်ကောက် မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ခင်ဇော်(၅၆)နှစ်၊ (ဖ)ဦးခင်မောင်၊ ကျောက်ပုထိုး ကျေးရွာ၊ ကောလင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းမင်းစိုး(၃၃)နှစ်၊ (ဖ)ဦးတင်အောင်၊ ကွံကြီးကုန်းကျေးရွာ၊ နတ်မောက်မြို့နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စောမောင်(၃၁)နှစ် (ဖ)ဦးလှမြိုင်၊ ချောင်းကြီးကျေးရွာ တို့ကို တရားခံပြေးများ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ဦးစိုးထွန်းရှိန်သည် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌဖြစ်ပြီး ရမည်းသည်းမြို့နယ် မိုးထိမိုးမိဒေသရှိ အကြီးစားရွှေလုပ်ကွက်များကို လုပ်ကိုင်နေသူလည်းဖြစ်သည်။

အဆိုပါ အမှုမှ တရားခံပြေးများကို တွေ့ရှိပါက အနီးဆုံးရဲစခန်းသို့ အကြောင်းကြားပေးပါရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က မေလ ၃၁ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
 ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required