နေပြည်တော် အောက်တိုဘာ ၃ ။ ။ အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်ဆောင်ကော်မတီဝင် ဦးဇော်မျိုးထွဋ်က ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
မင်္ဂလာပါခင်ဗျား -
မြန်မာပြည်သူတိုင်းရင်းသားအားလုံးတို့ အချင်းချင်းအပြန်အလှန်နားလည်မှုများနဲ့အတူ စစ်မှန်သော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဘဝများ၊ မြင့်မားတိုးတက်နိုင်ခြင်းများနဲ့ပြီးပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျား။
ကျွန်တော်ကတော့ အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဇော်မျိုးထွဋ်ုဖြစ်ပါတယ်။ အင်းတိုင်းရင်းသားအဖွဲ့ချုပ် ပါတီကို၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာ စတင်ထူထောင် ခဲ့ပြီး နိုင်ငံရေးပါတီမှတ်ပုံတင်အမှတ်ကတော့ (၈၆) ဖြစ်ပါတယ်။
ကျွန်တော်တို့ပါတီဟာ ကျွန်တော်တို့ဒေသနဲ့ တိုင်းရင်းသားလူမျိုးများရဲ့လိုအပ်ချက်အရ ပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ဒေသတွင်းမှာနေထိုင်ကြတဲ့ ညီအစ်ကိုတိုင်းရင်းသား များကြားမှာအပြန်အလှန်နားလည်တတ်၊ လေးစားတတ်တဲ့ စိတ်ဓာတ်တွေနဲ့တစ်ဦးချင်း၊တစ်စုချင်း စိတ်ဓာတ်အရည်အသွေး စွမ်းရည်တွေမြင့်တက်လာစေဖို့ဖြစ်ပါတယ်။
အဲဒီလိုမြင့်တက်လာတဲ့စွမ်းရည်အသွေး စွမ်းရည်တွေမြင့်တက်လာစေဖို့ဖြစ်ပါတယ်။ အဲဒီလိုမြင့်တက်လာတဲ့နေတဲ့ နိုင်ငံတော်ဘက်စုံပြောင်းလဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖော်ဆောင်မယ့် လုပ်ငန်းစဉ် တစ်ရပ်လုံးမှာ ထဲထဲဝင်ဝင်ပါဝင်ပြီးတော့ အောင်မြင်အောင် ပေးဆပ်ဆောင်ရွက်သွားချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။
အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီရဲ့ရည်ရွယ်ချက်များကတော့ -
- ပါတီစုံဒီမိုကရေစီစနစ်နှင့်အညီ အင်းသားတိုင်းရင်းသားလူမျိုးများအနေဖြင့် ပြည်ထောင်စုနှင့်ပြည်နယ်တိုင်းရင်းသားများနှင့်အတူ လက်တွဲပါဝင်ဆောင်ရွက်နိုင်ခွင့်ရရှိရေး၊
- အင်းတိုင်းရင်းသားများနှင့် ညီနောင်တိုင်းရင်းသားများအားလုံး၏ စာပေ၊ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့်လူမှုစီးပွားရေးဘဝများ စောင့်ရှောက် ထိန်သိမ်းရန်နှင့် တိုးတက်မြင့်မား လာစေရန် ဦးဆောင်ဆောင်ရွက်နိုင်ရေး
- အင်းလေးကန်ကြီးထာဝရတည့်တံ့ခိုင်မြဲစေရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားနိုင်ရေး၊
- ပြည်ထောင်စုတစ်ခုလုံးတစ်ပြေးညီ စည်းလုံးညီညွတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြားပြည်ထောင်စု တိုင်းရင်းသားအားလုံးနှင့်ပူးပေါင်းပါဝင် လှုပ်ရှားသွားနိုင်ရေး။
ကျွန်တော်တို့ရဲ့ပါတီဟာ အင်းသားများ တစ်စုတစ်ဝေးတည်းနေထိုင်တဲ့အင်းလေးကန်တစ်ဝိုက်ကိုအခြေတည်ပြီး အတူနေ ရှမ်း ၊ ပအိုဝ်း၊ တောင်ရိုး၊ ဓနု၊ကယန်း၊ဗမာစတာတွေ အားလုံးစုပေါင်းပါဝင် မှာဖြစ်တဲ့အတွက် အင်းတိုင်းရင်းသား အဖွဲ့ချုပ်လို့အမည်မှည့်တာဖြစ်ပါတယ်။
အဲဒီလိုဖွဲ့စည်းထားတဲ့အတွက် ဒေသတစ်ခုလုံး၊ နယ်ပယ်အားလုံး၊ လူမျိုးအားလုံးရဲ့အခက်အခဲလိုအပ်ချက် စတာတွေကို ပြည့်ပြည့်စုံစုံ အသေးစိတ်နားလည်သိရှိမှာဖြစ်ပြီးတော့ အားလုံးစုပေါင်း အဖြေရှာ တဲ့နည်းလမ်းကို အသုံးပြုဝေဖန် သုံးသပ်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ထိရောက်အောင်မြင်တဲ့ ဆောင်ရွက် ချက်တွေဖြစ်မယ်လို့ အလေးအနက် ယုံကြည်ပါတယ်။
ကျွန်တော်တို့ပါတီအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏မျက်မှောက်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင် ဆောင်ရွက်ပေးနိုင်မည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေပြင် ဆင်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊တောင်ပေါ်မြေပြန့် တိုင်းရင်းသားများ တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေး ၊ နိုင်ငံသားများခံစားရရှိသင့်သည့် နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်ရေးများကို နိုင်ငံတစ်ဝန်း လုံးတိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အတူ လက်တွဲဖော်ဆောင်သွားဖို့ကို အလေးအနက် ရည်မှန်းထားရှိပါတယ်။
ဒေသတွင်းရှိ လူငယ်များဟာလည်း ခောတ်ပညာတတ်ဘွဲ့ရတွေ ပိုမိုများပြားလာသလို သူတို့ရဲ့အလုပ်အကိုင်အခွင့်အလမ်းတွေဟာလည်း ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်နေပါတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ အလေးထားဆောင်ရွက်သွားချင်တဲ့အပြင် လူငယ်တွေကို သမိုင်းအစဉ်အလာနဲ့ လက်ရှိဘဝဖြစ်စဉ်တွေကို အပြန်အလှန် သုံးသပ်တွေးခေါ်စဉ်းစားပြီး အခက်အခဲတွေကို ကြံ့ကြံ့ခံဖြတ်ကျော်လွှားနိုင်တဲ့ ဘဝပညာများကိုလည်း လေ့လာသင်ယူနိုင်အောင် ဆောင်ရွက်ချင်ပါတယ်။
အင်းတိုင်းရင်းသားများဟာ အင်းလေးကန်အတွင်းနဲ့ ဆက်စပ်နေရာများမှာနေထိုင်ကြပါတယ်။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း အင်းလေးကန်ကြီးဟာရေခန်းခြောက်လာခြင်းနဲ့အတူ ယိုယွင်းပျက်စီးမှုတွေဟာ ပိုပြီးဆိုးရွားလာနေပါတယ်။ အဲဒီဆိုးရွားတဲ့အခြေအနေဟာ ဌာနေတိုင်းရင်းသားများရဲ့လူမှုစီးပွားရေးကို အထူးထိခိုက်နစ်နာစေပါတယ်။ အင်းလေးကန်ထိန်းသိမ်းရေးဟာလည်း ကျွန်တော်
တို့ရဲ့ တာဝန်ဖြစ်တဲ့အတွက် အင်းလေးကန်ထိန်းသိမ်းရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားရေးမြှင့်တင်ရေးကို ဟန်ချက်ညီညီဖြစ်ထွန်းစေဖို့ ဆက်စပ်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အထူးအားဖြင့် ကျွန်တော်တို့ အင်းလေးဒေသ အင်းလေးကန်ရဲ့ထူးခြားတဲ့မြေပြင်အခြေအနေအရ ကျေးရွာများ၊ နေအိမ်များ၊ ကျွန်းမျောစိုက်ခင်းများဟာ ရေပြင်ပေါ်မှာတည်ရှိနေပြီး တစ်စုံတစ်ရာသော အာမခံချက်များ မရှိခဲ့ပါဘူး။ အဲဒီအတွက် နိုင်ငံတော်မှ ဥပဒေနှင့်အညီ တရားဝင်အသိမှတ်ပြုမှုနဲ့အတူ အာမခံချက်များ ရရှိနိုင်ရေးအတွက် ကျွန်တော်တို့ပါတီက ဦးဆောင်ညှိနှိုင်းကာ ပေါင်းစပ်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာလည်း ယူနက်စကိုကလူသားနှင့် ဇီဝအ၀န်းနယ်မြေအဖြစ် အသိအမှတ်ပြုပြီးဖြစ်သည့်အတွက် အင်းလေးကန်ထိန်းသိမ်းရေးနဲ့ ဒေသခံများရဲ့အကျိုးစီးပွား ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်လာစေရေး အဓိကအကြောင်းအရင်းတစ်ခုဖြစ်ကြောင်း ယုံကြည်သည့်အတွက် ဖြစ်ပါတယ်။
အဲဒီလို အင်းလေးကန်ထိန်းသိမ်းရေးနဲ့ ဒေသခံပြည်သူများရဲ့ အကျိုးးစီးပွားဖြစ်ထွန်းမှုကို ဟန်ချက်ညီဖို့အတွက် လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းရေးများအပြင် လယ်ယာနှင့် အင်းလေးဒေသရဲ့ အထူးစိုက်ပျိုးသီးနှံဖြစ်တဲ့ ခရမ်းချဉ်စိုက်ပျိုးထုတ်လုပ်မှုတွေ လျော်ညီသောနည်းလမ်း တွက်ခြေကိုက်သောစနစ်များကိုပြုပြင်ဖော်ဆောင်နိုင်ဖို့အတွက် ပေါင်းစပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ ဒေသခံများအနေဖြင့် တရားဥပဒေစည်းမျဉ်း စည်းကမ်းများလိုက်နာခြင်း မိမိတို့ အင်းလေးကန်ကြီးအတွက် မိမိတို့၏စိတ်ဓာတ် စည်းကမ်း ခွန်အား အသိတရားတို့ကို မလွဲမသွေ အပြည့်အ၀ ပေးဆပ် ဆောင်ရွက်သွားရမည်ဟု အလေးအနက်ယုံကြည်ပါသည်။
ထိုအပြင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် ပျက်စီးယိုယွင်းမှုဒဏ်ကို အချိန်မီကုစားနိုင်ရန်အတွက် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် တာဝန်ရှိအဖွဲ့အစည်းအသီးသီး၊ ဌာနဆိုင်ရာအသီးသီး ၊နိုင်ငံတကာအဖွဲ့အစည်းအသီးသီးတို့၏ ဝိုင်းဝန်းကူညီမှုရရှိစေရေးနှင့် ရရှိသည့်အကူအညီများကို ဒေသဆိုင်ရာ လူ့အဖွဲ့ အစည်းများ၊ ပညာရှင်အဖွဲ့အစည်းများက ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် မိမိတို့ပါတီဝင်များအားလုံး ဦးဆောင်ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ထိုကဲ့သို့ ဆောင်ရွက်မှုတွေမှာ အင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဆောင်ရွက်နိုင်ပြီး ထိရောက်စွာဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် အင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်နိုင်ရေးအတွက် လိုအပ်သောဆောင်ရွက်ရမည့်လုပ်ငန်းများကို တင်ပြညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား -
ကျွန်တော်တို့အနေဖြင့် ခံစားမည့်သူလူအများက အရည်အသွေးပြည့်ပြည့် စိတ်ဓာတ်မြင့်မြင့်မားမား လူမျိုး၊ ဒေသ၊ ပြည်နယ်နှင့် နိုင်ငံတော်၏အကျိုးကို ဝိုင်းဝန်း ပါဝင်ဆောင်ရွက်နိုင်မယ့်အစီအစဉ်နှင့် လုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ယုံကြည်စွာ အားပေးချီးမြှောက်ကြလိမ့်မည်ဟု လေးစားစွာ ယုံကြည် မိပါကြောင်းတင်ပြရင်း အဆုံးသတ်ပါရစေခင်ဗျား။
ကရဝိက် ဆွဲဖော့ ဆွဲလှေလာ ဝေါက်နောင်း လှေခေါင်းဝဲဆမား တက်ပြကောင်အောင် ဝိုင်းက္လုန်းပေးမျလက် (အင်းသားစကား)
ကရဝိက် ဆွဲရန် ဆွဲလှေ လာပြီဖြစ်သောကြောင့် လှေဦးစီးမှ ကောင်မွန်သော တက်ချက်ပြနိုင်ရန် အားလုံးဝိုင်းဝန်းအားဖြည့်ပေးရန် လိုအပ်နေပြီးဖြစ်ပါသည်။
ဆုံးဖြတ်ရအောင်
- တို့လူခဲတွေနေတဲ့ တို့ရဲ့ရေပြင်မှာ ညီညီညာညာ စည်းလုံး ကြစို့လား ပေါင်းစုအားကိုယူလို့တို့ရဲ့ညီအစ်ကိုများ ခိုင်ခိုင်မာမာဆုံးဖြတ်ကြစို့လား
- အင်းလေးရဲ့အလှကိုထိန်းသိမ်းရင်းနဲ့ စောင့်ရှောက်ရမှာငါတို့ရဲ့တာဝန်ပါ
- တို့လူခဲတွေနေတဲ့ တို့ရဲ့ရေပြင်မှာ ညီညီညာညာ စည်းလုံးကြစို့လား ပေါင်းစုအားကိုယူလို့တို့ရဲ့ညီအစ်ကိုများ ခိုင်ခိုင်မာမာမဲပေးကြစို့လား
- လှပတဲ့ပန်းတိုင် တို့လျှောက်ကြစို့နော် တိုးတက်ဖို့အတွက် ရည်မျှော်အားလုံးအကောင်အထည်ဖော်
- တို့လူခဲတွေနေတဲ့ တို့ရဲ့ရေပြင်မှာ ညီညီညာညာစည်းလုံးကြစို့လားအားကိုယူလို့ တို့ရဲ့ညီအစ်ကိုများ ခိုင်ခိုင်မာမာဆုံးဖြတ်ကြစို့လား...
- အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီ ဝိုင်းဝန်းပြီးတော့ ဖော်ဆောင်မည်အပြုံးပန်းလည်းလှကြသည် နေ့သစ်တစ်ခုကိုရည်
- တို့လူခဲတွေနေတဲ့ တို့ရဲ့ရေပြင်မှာ ညီညီညာညာစည်းလုံးကြစို့လား
ပေါင်းစုအားကိုယူလို့ တို့ရဲ့ညီအစ်ကိုများ ခိုင်ခိုင်မာမာဆုံးဖြတ်ကြစို့လား….
- တို့လူခဲတွေနေတဲ့ တို့ရဲ့ရေပြင်မှာ ညီညီညာညာစည်းလုံးကြစို့လား
ပေါင်းစုအားကိုယူလို့ တို့ရဲ့ညီအစ်ကိုများ ခိုင်ခိုင်မာမာဆုံးဖြတ်ကြစို့လား….
- အင်းလေးရဲ့အလှကို ထိန်းသိမ်းရင်းနဲ့ စောင့်ရှောက်ရမှာ ငါတို့ရဲ့တာဝန်ပါ
- တို့လူခဲတွေနေတဲ့ တို့ရဲ့ရေပြင်မှာ ညီညီညာညာစည်းလုံးကြစို့လား
ပေါင်းစုအားကိုယူလို့ တို့ရဲ့ညီအစ်ကိုများ ခိုင်ခိုင်မာမာဆုံးဖြတ်ကြစို့လား….
- လှပတဲ့ပန်းတိုင် တို့လျှောက်ကြစို့နော် တိုးတက်ဖို့အတွက်ရည်မျှော်အားလုံးအကောင်အထည်ဖော်
- - တို့လူခဲတွေနေတဲ့ တို့ရဲ့ရေပြင်မှာ ညီညီညာညာစည်းလုံးကြစို့လား
ပေါင်းစုအားကိုယူလို့ တို့ရဲ့ညီအစ်ကိုများ ခိုင်ခိုင်မာမာဆုံးဖြတ်ကြစို့လား….
- အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီ ဝိုင်းဝန်းပြီးတော့ ဖော်ဆောင်မည်အပြုံးပန်းလည်းလှကြသည် နေ့သစ်တစ်ခုကိုရည်...
- တို့လူခဲတွေနေတဲ့ တို့ရဲ့ရေပြင်မှာ ညီညီညာညာစည်းလုံးကြစို့လား
ပေါင်းစုအားကိုယူလို့ တို့ရဲ့ညီအစ်ကိုများ ခိုင်ခိုင်မာမာဆုံးဖြတ်ကြစို့လား….
အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီ
- အနာဂတ်ရဲ့ဒီမိုကရေစီ...ဆောင်ရွက်ဖို့အချိန်တန်ပြီ...တို့ကြိုးစားလို့ဖော်ဆောင်မည်...
- တိုးတက်ရမည် စည်းလုံးရမည် အမျိုးချစ်ကြတဲ့ အာဇာနည် ဆုံးဖြတ်ချက်အတည်အကောင်းဆုံးအတွက်ရည် အားလုံး လှမယ့်အနာဂတ်ဆီ...
- ညီညီညာညာရှေ့သို့ လှမ်းတက်မည် အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီတူညီစွာအစွမ်းကုန်အားပေးမည် အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီ
- တိုးတက်ရမည် စည်းလုံးရမည် အမျိုးချစ်ကြတဲ့ အာဇာနည် ဆုံးဖြတ်ချက်အတည်အကောင်းဆုံးအတွက်ရည် အားလုံးလှမယ့်အနာဂတ်ဆီ
- ညီညီညာညာရှေ့သို့လှမ်းတက်မည် အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီတူညီစွာ အစွမ်းကုန်အားပေးမည် အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီ
- တိုးတက်ရမည် စည်းလုံးရမည် အမျိုးချစ်ကြတဲ့ အာဇာနည် ဆုံးဖြတ်ချက်အတည် အကောင်းဆုံးအတွက်ရည် အားလုံးလှမယ့်အနာဂတ်ဆီ...
- ညီညီညာညာရှေ့သို့ လှမ်းတက်မည် အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီတူညီစွာအစွမ်းကုန်အားပေးမည် အင်းတိုင်းရင်းသား အဖွဲ့ချုပ်ပါတီ
- တိုးတက်ရမည် စည်းလုံးရမည် အမျိုးချစ်ကြတဲ့ အာဇာနည် ဆုံးဖြတ်ချက်အတည်အကောင်းဆုံးအတွက်ရည် အားလုံးလှမယ့်အနာဂတ်ဆီ အားလုံးလှမယ့်အနာဂတ်ဆီ အားလုံးလှမယ့်အနာဂတ်ဆီ
အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီ
၁။ | ပါတီအမည် | - | အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီ |
၂။ | ပါတီအမည်(English) | - | New Society Party |
၃။ | ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့ | - | ၅.၁.၂၀၁၅ |
၄။ | လာရောက်လျှောက်ထားစဉ်ပါတီအင်အား | - | ဦးသာဒိုးပါ(၁၅) ဦး |
၅။ |
လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင် |
- | ဦးတင်အောင်ကျော်၊ ဦးမင်းဆွေ |
၆။ | ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့ | - | ၂၈.၄.၂၀၁၅ |
၇။ | ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့ | - | ၅.၅.၂၀၁၅ |
၈။ | ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့ | - | ၉.၆.၂၀၁၅ |
၉။ | ခွင့်ပြုသည့်ပါတီအမှတ်စဉ် | - | အမှတ်စဉ်(၈၆) |
၁၀။ | ခွင့်ပြု့သည့်ပါတိအလံ | - | |
၁၁။ | ခွင့်ပြု့သည့် ပါတီတံဆိပ် | - | |
၁၂။ | ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း | - | |
၁၃။ | ပါတီနယ်မြေ | - | ရှမ်းပြည်နယ်အတွင်း |
၁၄။ | ပါတီ ရုံးချုပ်တည်နေရာ | - | စည်ပင်နောက်လမ်း၊ ဝင်းရပ် (၁) အကွက်။ ညောင်ရွှေမြို့နယ်၊ ရှမ်းပြည်နယ် |
၁၅။ | ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ် | - | ၀၉- ၃၆၀၅၁၁၂၇၊ ၃၆၁၆၇၆၇၈ |
၁၆။ | ပါတီ၏ မူဝါဒလမ်းစဉ်များ | - | PDFDownload |