အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၏ မူဝါဒ သဘောထား

အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၁၃ ။         ။ အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်သူအောင်က  ၎င်းတို့ပါတီ၏မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မိဘပြည်သူများခင်ဗျာ-

ပထမဆုံးအနေဖြင့် မိမိတို့အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်၏ စတင်ပေါ်ပေါက်လာပုံ နောက်ခံအကျဉ်းချုပ်ကို တင်ပြလိုပါတယ်။ မိမိတို့အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအင်အားစုများအဖြစ် ၂၀၀၆-၂၀၀၇ ခုနှစ်များတွင် စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး လှုပ်ရှားမှုများဖြင့်စတင်ခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့မှုကြောင့် ပြည်သူများ အလုပ်လက်မဲ့ပြဿနာများ ပိုမိုပေါ်ပေါက်လာပြီး သယံဇာတတစ်ခုတည်းအပေါ် မှီခိုအားထားရတဲ့အခြေအနေ မျိုးဆိုက်ရောက် ခဲ့ရတဲ့အတွက် စီးပွားရေးပိတ်ဆို့မှုုကို ပြည်သူလူထု၏အကျိုးစီးပွား နိုင်ငံတော်၏ အကျိုးစီးပွားကိုရှေးရှုလျက် စီးပွားရေးပိတ်ဆို့ မှုဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ရခြင်းဖြစ်ပါတယ်။

အခြေခံဥပဒေပေါ်ပေါက်ရေးလှုပ်ရှားခဲ့ခြင်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသော အာဏာပိုင်ဝါဒကနေ ဖွဲ့စည်းပုံအခြေခံဥပဒေရှိသော အစိုးရတစ်ရပ် အောက်မှာနေပြီး နိုင်ငံသားတာဝန်နှင့် အခွင့်အရေးများကို ပြည့်ပြည့်၀၀ရရှိစေဖို့ပဲဖြစ်ပါတယ်။ အစဉ်အလာကောင်းသော ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားရေးအင်အားစုမှသည် အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ်ကို တရားဝင်ပါတီများ တည်ထောင်ခွင့်ရချိန် ၂၀၁၀ မှာ မီးရှူးသန့်စင်ခဲ့ခြင်းဖြစ်ပါတယ်။

မိမိတို့  အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကပင် အောက်ပါရည်ရွယ်ချက်ကောင်းများ ရှိခဲ့ပါတယ်-

(က) ငြိမ်းချမ်း၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး

( ခ ) အခြေခံဥပဒေအရအုပ်ချုပ်သော အစိုးရတစ်ရပ် သိမ်မွေ့စွာ ပေါ်ထွန်းရေး၊

( ဂ ) လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှုနှင့် ပြည့်ဝသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပေါ်ထွန်းရေး၊

(ဃ) အမျိုးသားသွေးစည်းညီညွတ်ရေးကို အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်အသိအမှတ်ပြုမှု အခြေခံတည်ဆောက်ရေး၊ (င) ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒီစွဲများ ဇောင်းမပေး ဘဲပြည်ထောင်စုအကျိုးစီးပွားဟူသော ဘုံဦးတည်ချက်များဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ (စ)အနာဂတ်တွင် ပေါ်ထွန်းလာမည့် လွှတ်တော် အရပ်ရပ်တွင် တပ်မတော်ကိုယ်စားလှယ် အင်အားစုနှင့် ပြည်သူ့ ကိုယ်စားလှယ်များပူးပေါင်း၍ အမျိုးသားအကျိုးစီးပွား (National Interest) ကိုရှေးရှုကာ ဟန်ချက်ညီညီလက်တွဲဖော်ဆောင်ရေး၊

(ဆ) စီးပွားရေးပိတ်ဆို့မှုများအပါဝင် အနောက်နိုင်ငံကြီးများ၏ အထွေထွေပိတ်ဆို့မှုများနှင့် အနိုင်ကျင့်ဗိုလ်ကျစိုးမိုးရေးဝါဒများသည် အကြမ်းဖက် ဝါဒများနည်းတူပင် ကမ္ဘာကြီးအား အကျည်းတန်စေသည်ဟု ယုံကြည်သဖြင့် ဆန့်ကျင်တွန်းလှန်သွားရေးတို့ပဲ ဖြစ်ပါတယ်။ (မိမိတို့ပါတီ၏ ကြွေးကြော်သံကတော့ ငြိမ်းချမ်းရေးသည်-ပထမ၊ ဒီမိုကရေစီရေးသည်-အဓိက၊ ပြည်သူ့ဘ၀ တိုးတက်ပြောင်းလဲရေးသည် - ပဓာနပဲဖြစ်ပါတယ်။)

မိမိတို့နိုင်ငံအနေဖြင့် ဆင်းရဲနောက်ကျနေခြင်းမှာ လွတ်လပ်ရေး၏ ဖွားဖက်တော်လက်နက်ကိုင်ပဋိပက္ခ၏ နှစ်ပေါင်း (၆၀)ကြာ ဖြစ်ပွားနေဆဲကြောင့် ဖြစ်တယ်လို့ဆင်ခြင်မိ ပါတယ်။ မြန်မာပြည်ဖွံ့ဖြိုး တိုးတက်ဖို့ဆိုလျှင် ငြိမ်းချမ်းရေးသည် ပထမဖြစ်ကြောင်း ယုံကြည်ပါတယ်။

ဤကဲ့သို့ ယုံကြည်သည်နှင့်အညီ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်(NCA) ပြီးသည့်အခါတွင် ပေါ်ပေါက်လာမည့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုအတွက်ကြိုတင်ပြင်ဆင်သည့်အနေဖြင့် နိုင်ငံရေးပါတီ (၅၆) ပါတီအားလုံး သဘောတူသည့် မူဘောင်ရေးဆွဲအတည်ပြုရာ၌လည်း မိမိတို့ပါတီအနေဖြင့် ပါဝင်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးမရှိလျှင် ဒီမိုကရေစီဘောင်ကျဉ်းလာပြီး စစ်ဘောင်ကျယ်လာမည်ဟု ဝါရင့်နိုင်ငံရေးသမားကြီး ဝိဓူရသခင်ချစ်မောင်ကလည်း မိန့်ကြားခဲ့ဖူးပါတယ်။ ဒီနေရာမှာ မိမိတို့အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်၏ တပ်မတော်အပေါ်ထားသည့် ဘောထားက ို ပြောကြားလိုပါတယ။် အစဉ်အလာကောင်းရှိသည့် မြန်မာ့တပ်မတော်သည် ဒီမိုကရေစီတစ်ခု ရင့်ကျက်ခိုင်မာစေရေးအတွက် အရေးကြီးသော (Institution) ဖြစ်သကဲ့သို့ တစ်နည်းအားဖြင့် အမျိုးသား အကျိုးစီးပွားကို အကာအကွယ်ပေးမည့် အမျိုးသားရေးအင်အားစု(National Force) အဖြစ် သဘောထားရမှာ ဖြစ်ပါတယ်။

ယနေ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း (Democratic Constitution)ဒီမိုကရေစီနည်းကျ အခြေခံဥပဒေတစ်ရပ် ပြည့်ပြည့်၀၀ မဟုတ်သော်လည်း (Consitution) အခြေခံဥပဒေအရပေါ်ပေါက် လာသော ဒီမိုကရေစီစနစ်တစ်ရပ်ကို ပေါ်ပေါက်စေခဲ့တယ်ဆိုတာ ယနေ့ကာလမှာဖြစ်ပေါ်နေသော အပြောင်းအလဲများကို ကြည့်မယ်ဆိုရင် ဘယ်လိုမှငြင်းမရနိုင်ပါဘူး။

ဒါကြောင့် မိမိတို့ပါတီအနေဖြင့် နိုင်ငံရေးတည်ငြိမ်မှုနှင့် ဒီမိုကရေစီခိုင်မာလာမည့် အချိန်ကာလတစ်ခုကိုယူ၍သာ အခြေခံဥပဒေပြင်ဆင် ပြောင်းလဲရေးလုပ်ဆောင် ဖို့ ကပိုမိုအားသန်ပါကြောင်းပြောကြား လိုပါတယ်။ ရှိရင်းစွဲအခြေခံကောင်းများကိုဖျက်ပြီး တစ်ကပြန်စခြင်းဆိုသည်မှာလည်း လက်တွေ့ကျသော နိုင်ငံရေးမဟုတ်ဟုယုံကြည်ပါတယ်။ ဒါကြောင့် မိမိတို့ပါတီအနေဖြင့် နိုင်ငံတော်နှင့်နိုင်ငံတော် သားများ၏ အကျိုးစီးပွားအလို့ငှာ ကဏ္ဍပေါင်းစုံကို တဖြည်းဖြည်းချင်း တစ်ဆင့်ချင်း ပြောင်းလဲအောင် ကြိုးစားဖို့လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

 တိုင်းပြည်၏ မဏ္ဍိုင်ကြီး(၃)ရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့တွင် နိုင်ငံရေးပါတီများသည် အရည်အသွေးရှိသော နိုင်ငံရေးခေါင်းဆောင် များကိုမွေးမြူကာ လူထုက မှန်မှန် ကန်ကန်ရွေးချယ်တင်မြှောက်လျှင် လွှတ်တော် အရည်အသွေးပြည့်ဝလာပါမည်။

ထိုလွှတ်တော်က ပြဋ္ဌာန်းအတည်ပြုသည့် ပြည်သူ့အကျိုးပြုဥပဒေများကိုအကောင်အထည်ဖော်မည့် ထိရောက်၍စွမ်းရည်ပြည့်ဝသော အစိုးရကောင်းတစ်ရပ်လည်း ပေါ်ပေါက်လာပါမည်ဖြစ်ပါတယ်။

ဒါကြောင့် မိမိတို့ပါတီအနေဖြင့်အစိုးရအာဏာရရေးသည် အဓိကမယူဆဘဲတိုင်းပြည်အနာဂတ်အတွက် ခေါင်းဆောင်ကောင်းများ မွေးထုတ်ရေးသည်သာအဓိကဖြစ်သည်ဟု ပြောကြားလို ပါတယ်။ နိုင်ငံရေးသမားများက လာမည့်ရွေးကောက်ပွဲကိုသာကြည့်ပြီး နိုင်ငံပြုခေါင်းဆောင်များက နောက်လာမယ့်မျိုးဆက်ကို ကြည့်လေ့ရှိပါသည်။ ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းလာရေးမှာလည်း (Nature) နှင့်(Nurthre) ဟူ၍ နှစ်မျိုးနှစ်စားရှိပါတယ်။ သဘာဝအရခေါင်းဆောင်ဖြစ်လာသည်အလွန်တရာမှ ရှားပါးလှပါတယ်။ ဒါကြောင့် ကလေးသူငယ်များကို ပြုစုပျိုးထောင်ရေး (Nurture) သည်သာ ပိုမို၍လက်တွေ့ကျပါတယ်။

ကလေးသူငယ်များရဲ့ အခန်းကဏ္ဍဟာလည်း တိုင်းပြည်ရဲ့အနာဂတ်အတွက်အလွန်တရာမှ အရေးကြီးလှပါတယ်။ ရွေးကောက်ပွဲများဟာ တိုင်းပြည်နှင့်လူမျိုးအတွက် နိုင်ငံရေးပါတီများ၏ရည်မှန်းချက်ကို အားပေးမြှင့်တင်ရန်အကောင်းဆုံးအခွင့်အလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီအနေဖြင့်ရည်မှန်းချက်များတွင် ငြိမ်းချမ်းရေး၊ လူမှုပေါင်းစည်းညီညွတ်ရေး၊ စီးပွားရေး ဖွံ့ဖြိုုးတိုးတက်ရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့်တို့ပါဝင်ပြီး ယင်းတို့ကိုအကောင်အထည်ဖော်ရေးမှာ တိုင်းပြည်၏အနာဂတ်ဖြစ်သည့် ကလေးသူငယ်များမှအစပြုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆိုသည့်အချက်မှာ ကျင်းပတော့မည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် မိဘပြည်သူများ ပါဝင်လာစေမည့် အခြေခံအကျဆုံး လှုံ့ဆော်မှုတစ်ခုဖြစ်ပါတယ်။ ကလေးမိဘများအနေဖြင့်မိမိတို့၏သားသမီးများ၏ အနာဂတ်အတွက်စဉ်းစားပြီး ချင့်ချင့်ချိန်ချိန် မဲပေးရပါလိမ့်မယ်။

မိမိတို့မြန်မာနိုင်ငံတွင် အသက်(၅)နှစ်မှ (၁၈)နှစ်ကြားရှိ ကလေးငယ်(၄.၄) သန်းဟာ ကျောင်းမတတ်နိုင်ကြပါဘူး။ မြန်မာနိုင်ငံ၏ံ ကျန်းမာရေးနင့် ပညာရေးများတွင် ဘဏ္ဍာငွေသုံးစွဲမှုပမာဏမှာ အာဆီယံဒေသအတွင်း နိုင်ငံများအကြား အနည်းဆုံးဖြစ်ပြီး လူမှုရေးကဏ္ဍများတွင် သုံးစွဲမှုသည် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (GDP)၏ ၃ရာခိုင်နှုန်းသာ ရှိပါတယ်။

ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရေးပါတီအနေဖြင့် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် တိုးတက်မြင့်မားလာစေရန် မူဝါဒများချမှတ်လျက် လိုအပ်သလိုဥပဒေများကို ပြုပြင်ရေးဆွဲသွားမှာပဲ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့်အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍လည်း မိမိတို့ပါတီအနေဖြင့် စိန်ရတုခန်းမပညာရေးဆွေးနွေးပွဲမှသည် အမျိုးသား လွှတ်တော်၊ အမျိုးသားပညာရေးဥပဒေကြားနာပွဲအထိ အကြံပြုတင်ပြဆွေးနွေးခဲ့ပြီးလည်း ဖြစ်ပါတယ်။

အစိုးရများ၏ သဘောသဘာဝအရ ထင်သာမြင်သာရှိ၍ ချက်ချင်းလက်ငင်းဖော်ပြနိုင်သည့် ခမ်းနားကြီးကျယ်သော အဆောက်အအုံများ၊ စီမံကိန်းများ(Perstige Project) ဂုဏ်သိက္ခာရှိသော စီမံကိန်းများ ကိုသာ ဆောင်ရွက်လေ့ရှိကြပါတယ်။ပညာရေး၏ သဘောသဘာဝအရ ရေရှည်မှသာ အနည်းဆုံး အနှစ် ၂၀ လောက်ကြာမှသာ အကျိုးရလဒ်ကို တိုင်းပြည်က ခံစားသိရှိရမှာပါ။

အစိုးရတစ်ခု၏သက်တမ်း(၅)နှစ်အတွင်းမှာတော့ အကျိုးရလဒ် သိသာနိုင်မယ်မဟုတ်ပါ။ သမိုင်းဖြစ်စဉ်ကရှည်လျား၍ လူ့သက်တမ်းက တိုတောင်းလှပါတယ်။ သမိုင်းသက်သေအနေဖြင့် ၁၉၂၀ ပညာရေးပြုပြင်ပြောင်းလဲမှု၏ အကျိုးဆက်အနေဖြင့် ပညာတတ်တိုင်းပြည်ခေါင်းဆောင်များ ပေါ်ထွန်းလာကာ (၂၈)နှစ်အတွင်းမှ လွတ်လပ်ရေးရသည်အထိ ဖြစ်ခဲ့ရပါတယ်။

ဒါကြောင့် မိမိတို့ပါတီအနေဖြင့် နောက်နောင်ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့နှင့် လွှတ်တော်တို့တွင်လည်း ပညာရေးဆိုင်ရာဥပဒေများကို ကျင့်သုံးအကောင်ထည်ဖော်ရေးကို အစဉ်တစ်စိုက်တွန်အားပေး သွားဖို့ သန္တွိဋ္ဌာန်ချမှတ်ထားပြီးလည်း ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကြီးရဲ့ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်ဟာလည်း တိုင်းပြည်အတွက် အမှန်တကယ် လုပ်သင့်လုပ်ထိုက်သောကိစ္စလည်းဖြစ်ပါတယ်။ တိုင်ပြည်တစ်ပြည် ကိုဖွံ့ဖြိုးမှုနိမ့်ကျပြီး ဆင်းရဲစေသောထောင်ချောက်ကြီးလေးခုရှိတယ်လို့ ပညာရှင်များကလည်း လေ့လာတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။

(၁) ပြည်တွင်းစစ်ထောင်ချောက်၊ (၂) သယံဇာတထောင်ချောက်၊ (၃) အိမ်နီးနားချင်းဆိုး ထောင်ချောက်နှင့် (၄) ညံ့ဖျင်းတဲ့စီမံအုပ်ချုပ်မှု ထောင်ချောက်တို့ပဲဖြစ်ပါတယ်။ မိမိတို့နိုင်ငံဟာ မဆင်းရဲသင့်ဘဲ ဆင်းရဲနေရသော နိုင်ငံဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ သယံဇာတပေါကြွယ်ဝတဲ့ တိုင်းပြည်ဖြစ်သော်လည်း (Human Resources)လူသားအရင်းမြစ်နည်းပါမှု၊ နည်းပညာမဲ့မှုများ စတဲ့အကြောင်း များကြောင့် ရှိရင်းစွဲသယံဇာတများကို ပြည်သူ့အကျိုးငှာ အသုံးချနိုင်မှုနည်းပါး ခဲ့ရသည်။

သယံဇာတထောင်ချောက်ထဲ ကျရောက်ခဲ့ပါတယ်။ မိမိတို့ နိုင်ငံအနေဖြင့်လွတ်ရေး၏ဖွားဖက်တော် ပြည်တွင်းစစ်ဒဏ်ကိုခံစားခဲ့ရသည်မှာ ယနေ့ထက်တိုင်ပဲဖြစ်ပါတယ်။ ဤသည်မှာ ပြည်တွင်း စစ်ထောင်ချောက်ပင် ဖြစ်ပါသည်။ လက်ရှိ အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးကို စတင်ဖော်ဆောင်ခဲ့ပါတယ်။နိုင်ငံတော်သမ္မအနေဖြင့်လည်း အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ကိုလက်မှတ် အမြန်ဆုံး ရေးထိုးဖို့လည်း ဖိတ်ခေါ်ထားပြီးဖြစ်ပါသည်။

မိမိတို့အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီ၏ ဆောင်ပုဒ်ဖြစ်သည့်ငြိမ်းချမ်းရေးသည် ပထမဆိုသည့်အတိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖြစ်ထွန်းစေမည့် ဆောင်ရွက်ချက်များကို ပူးပေါင်းဆောင်ရွက် ခဲ့ပါတယ်။ ဒီနေရာမှာ တစ်ခုတင်ပြလိုတာက ငြိမ်းချမ်းရေးကို တည်ဆောက်ရာမှာ အင်အားဖြင့် တည်ဆောက်၍မရဘဲ နားလည်မှုနှင့်တည်ဆောက်မှသာရမယ်ဆိုတာကို နှလုံးသွင်းကြရမှာဖြစ်ပါတယ်။ တစ်ဖက်ကလည်း အခြေခံဥပဒေမူဘောင်ထဲက သွားဖို့လိုအပ်ပါတယ်။ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရကြား အခြေခံဥပဒေဆိုင်ရာ အာဏာခွဲဝေမှု၊ အခွန်ဘဏ္ဍာခွဲဝေမှု၊ သယံဇာတခွဲဝေမှုများနှင့် ကြွင်းကျန်အာဏာများကိုဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရကြား ဘယ်မှာထားမလဲဆိုတာကို နိုင်ငံရေးနည်းလမ်းဖြင့် ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ဒါမှသာ စစ်မှန်၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်လို့ မိမိတို့ပါတီအနေဖြင့် မမှိတ်မသုန်ယုံကြည်ပါတယ်။ ဖက်ဒရယ်တပ်မတော်နှင့်ပတ်သက်၍လည်း အနည်းငယ်တင်ပြလို ပါတယ်။ ကမ္ဘာပေါ်ရှိနိုင်ငံများကိုလေ့လာကြည့်လျှင် အမေရိကန်ပြည်ထောင်စု၌ ပြည်နယ်(၅၀)ရှိသော်လည်း ပြည်ထောင်စုတပ်မတော်တစ်ခုတည်းသာရှိပါတယ်။

ဒါကြောင့်မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်ထောင်စုတပ်မတော်အား တစ်ခုတည်းရှိရမှာ ဖြစ်ပါတယ်။ သို့မှသာ ပြည်တွင်းစစ်ထောင်ချောက်အတွင်း မှမြန်မာနိုင်ငံဟာဖွံ့ဖြိုးတိုးတက် သည့်နိုင်ငံတစ်ခုဖြစ်လာ မှာပဲ ဖြစ်ပါတယ်။

နောက်တစ်ချက်က ကျွန်တော်တို့နိုင်ငံ၏ အမှန်တကယ်တည်ငြိမ်သောငြိမ်းချမ်းသော ဖွံ့ဖြိုးသောနိုင်ငံတစ်ခုဖြစ်စေချင်ရင် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံများအနက် ပိုပြီးအဓိကကျသော အရေးပါသော နိုင်ငံကြီးနှစ်နိုင်ငံရှိပါတယ်။ ၎င်းတို့ကတော့ တရုတ်နိုင်ငံနဲ့ အိန္ဒိနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ ဒီနှစ်နိုင်ငံမှာ လူဦးရေ သန်းပေါင်းတစ်ထောင်ကျော်စီ ရှိကြပါတယ်။ မိမိတို့ မြန်မာနိုင်ငံရဲ့ လူဦးရေကတော့ (၅၁)သန်းမျှသာ ရှိပါတယ်။ နိုင်ငံရေးသိပ္ပံမှာ စကားတစ်ခွန်းရှိပါတယ်။(You cannot choose your neighbout) မင်းရဲ့အိမ်နီးချင်းကို မင်းရွေးချယ်လို့ မရဘူးလို့ ဆိုလိုပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအင်အားရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးအရ ဈေးကွက်တစ်ခုဖြစ်သလို ပထဝီနိုင်ငံရေးအရလည်း အင်မတန်မှ အရေးပါတ။့ဲ အချက်ချာကျတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ပင်လယ်ထွက်ပေါက်ဖြစ်ပါတယ်။

ဒါတွေကို ရှည်ရှည်လျားလျားတင်ပြနေရခြင်းကတော့ မြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒများနှင့် လူဝင်မှုကြီးကြပ်ရေးမူဝါဒ၊ အမျိုးသားလုံခြုံရေးကိစ္စများ၊ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများက မည်မျှအရေး ပါသလဲဆိုတာ ပြောကြားချင်၍ပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ပါတီအနေဖြင့် ဤမူဝါဒများကို နောင်ပေါ်ပေါက်လာမည့်လွှတ်တော်နှင့်အစိုးရအဖွဲ့အား နိုင်ငံတော်နှင့်နိုင်ငံသားများအကျိုးငှာ အကြံပြုတင်ပြ သွားမှာဖြစ်ပါတယ်

မိဘပြည်သူများခင်ဗျာနောက် တစ်ချက်ပြောလိုတာက (Good Governance) ကောင်းမွန်သော စီမံအုပ်ချုပ်မှုပဲဖြစ်ပါတယ်။ စီမံအုပ်ချုပ်မှုနှင့် စီပွားရေးမှုဝါဒများသည် နိုင်ငံကိုဖွံ့ ဖြိုးတိုးတက်အောင် ကူညီပေး ပါတယ။် ထိုအချက်နှင့်ပြောင်းပြန်က စီမံအုပ်ချုပ်မှု ညံ့ဖျင်းမှု (Bad Governance)ဖြစ်ကာ စီးပွားရေးမူဝါဒဆိုးရွားလျှင်တော့ နိုင်ငံတစ်ခု၏စီးပွားရေးကို ကြောက်မက်ဖွယ်ကောင်းလောက်အောင်  မြန်ဆန် သည့်နှုန်းဖြင့် အောက်သို့ပြုတ်ကျသွားစေနိုင်ပါသည်။

(Power tends to corrupt and absolute power corrupt to absolute) အာဏာဟာအကျင့်ပျက်ခြစားမှုကို ဖြစ်စေတယ်။ အကြွင်းမဲ့အာဏာဟာ အကြွင်းမဲ့ခြစားမှုကို ဖြစ်စေတယ်ဆိုတဲ့ စကားလည်း ရှိပါတယ်။ ဒါ့ကြောင့်ကျွန်တော်တို့အနေဖြင့် ဤလိုအကျင့်ပျက်ခြစားမှုများကို ဥပဒေနှင့် တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ သို့မှသာ ကောင်းမွန်တဲ့စီမံအုပ်ချုပ်မှုဖြစ်ပြီး ဆင်းရဲ မွဲတေမှုထောင်ချောက်က လွတ်မြောက်မှာဖြစ်ပါတယ်။

မိဘပြည်သူများခင်ဗျာ နိဂုံးချုပ်အနေဖြင့် ပြောကြားလိုတာကတော့ ပြဿနာများကို လူတစ်ဦးတစ်ယောက်တည်းက၊ ပါတီတစ်ခုတည်းကတစ်မုဟုတ်ချင်း ပြေလည်အောင်ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း ရိုးသားစွာပြောကြားလိုပါတယ်။ သို့ဖြစ်ပါ၍ မိမိတို့အမျိုးသားနိုင်ငံရေးမဟာမိတ်များ

အဖွဲ့ချုပ်ပါတီအနေဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားများရဲ့ အကျိုးစီးပွား၊ အမျိုးသားအကျုးိ စီးပွားကို ထာဝစဉ် သစ္စာစောင့်သိလျက် ပြည်သူတစ်ရပ်လုံးနှင့် ပူးပေါင်းဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်သွား မည်ဖြစ်ကြောင်း ကတိပေးပြောကြား အပ်ပါတယ်။ မိမိတို့ပါတီရဲ့ဆောင်ပုဒ်ကတော့''ကြယ်ဖြူဘေးမှာ အမှန်ခြစ် ပြည်သူအောင်ပွဲဖြစ်''။

မိဘပြည်သူများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။

အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ

 ၁။  ပါတီအမည်  -  အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ
 ၂။  ပါတီအမည်(English)  -  National Political Aliance League
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၁.၄.၂၀၁၀
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၅ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးတင်ထွန်းမောင်၊ ဦးကြည်ဝင်း
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၉.၄.၂၀၁၀
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၉.၅.၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၇.၅-၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၁၉)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးသိမ်းကြည် ၊ ဦးကျော်သူအောင် (တွင်း/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  

 အမှတ် (၁၀၁၀) (ခ) ၊ပညာလမ်း ၊ ၉၄) ရပ်ကွက် ၊တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  

 

 ၀၉-၂၂၀၁၁၄၁(ဦးဝင်ဇော်)၊

၀၉-၄၉၂၅၆၄၂၈(ဦးတင်ဝင်း)

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly